အဖြစ်ဆိုးနဲ့ကြွေလွင့်ခဲ့ရတဲ့ ဖရဲကျွန်းရွာသားတွေအတွက် အကူအညီပေးခဲ့တဲ့ ဦးကျော်သူ

Posted on

နာရေးကူညီမှုအသင်း ရန်ကုန် အဖွဲ့သားတွေက ဖရဲကျွန်းရွာဖြစ်စဉ်တွင် ရေနစ်သေဆုံးသော ရွာသူ ၊ ရွာသားများ၏ ကျန်ရစ်သူမိသားစုများအား၁၉၊ ဇူလိုင်လ၊ (၂၇)ရက်က သွားရောက်ကူညီခဲ့တယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာဖြစ်စဉ်တွင်မမျှော်လင့်ဘဲ ရေနစ်သေဆုံးသွားခဲ့သော ရွာသူ ၊ ရွာသား (၃၈) ဦးတိတိ ရှိခဲ့တာပါ။

အဆိုပါ လူအတွက် မီးသဂြိုလ်စရိတ် နှင့် ကူငွေအဖြစ် ကျန်ရစ်သူနာရေးရှင် မိသားစုများအား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူအသင်းသားများ၊ အဝေးရောက် ဖရဲကျွန်းရွသားများမှအိမ်ထောင်(၁)စုလျှင် (၁၂၀၀၀၀ိ/)(တစ်သိန်း နှစ်သောင်း) ကျပ်
နှုန်းဖြင့် သွားရောက် ကူညီဖေးမပေးခဲ့တယ် လို့ ဦးကျော်သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

စုပေါင်းရက်လည်ဆွမ်းသွပ်အမျှအတမ်းပေးဝေရန်အတွက် အလှူငွေ (၅၉၀၀၀၀ိ/) (ငါးသိန်း ကိုးသောင်း ကျပ်)အားလည်း “ အများ ပြည်သူမှ အများပြည်သူ ကောင်းမှု ” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူအသင်းသားများ၊ အဝေးရောက်ဖရဲကျွန်းရွာသားများ ကောင်းမှု အလှူငွေစုစုပေါင်း (၅၁၅၀၀၀၀ိ/-)(ငါးဆယ့်တစ်သိန်း ငါးသောင်းကျပ်) အား လှူဒါန်း ကူညီခဲ့တာဖြစ်ပါတယ် ။ ဦးကျော်သူပတော့ သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ကြပါစေ။နတ်လူ သာဓု ခေါ်စေသော် လို့ရေးသားထားပါတယ်။ ပရေိသတ်ကြီးလည်း သေဆုံးခဲ့သူတွေအတွက် မှတ်ချက်ကနေတစ်ခုခုပြောဆိုခဲ့ကြပါဦး။

Source – ပြန်ကြားရေးဌာန #FFSS

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.