အပြင်မှာလည်းအချစ်ကြီးပါတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

ပရိသတ်တွေအသည်းယားပြီးချစ်ရတဲ့ဝတ်မှုန်ရွှေရည်ဟာဆိုရင် ဒီနှစ်တွေအတွင်းမှာ အောင်မြင်မှုကအရှိန်နဲ့ထိုးတက်နေတယ်လို့ဆိုရမှာပါ။

မကြာသေးမီက Asia Special Award ရထားပြီး အကယ်ဒမီဆုကြီးတွေလည်းသိမ်းပိုက်ထားနိုင်တဲ့ ဝတ်မှုန်ရွှေရည်က အခုဆိုရင်နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေလုပ်နေပြီဖြစ်သလို နိုင်ငံတကာမှာ ဝတ်မှုန်ရွှေရည်ရယ်လို့ နာမည်ကြီးပြီး ပြည်တွင်းပြည်ပပရိသတ်တွေများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ အခုရုံတင်နေတဲ့ ဒဏ္ဍာရီမိုးဇာတ်ကားကြီးအကြောင်းပြောပြသွားခဲ့ပါတယ်။

 

 

ကစ်က လက်ရှိရိုက်ဖို့ရှိတဲ့ ရုပ်ရှင်တွေအကြောင်း “ရုပ်ရှင်ကတော့ ကစ်တို့ ဘယ်နှစ်ကားဘယ်နှစ်ကားဆိုပြီးတော့ ညှိထားတာတော့ရှိတယ်။ ဒါပေမယ့် သေသေချာချာဇာတ်တွေက ရွေးရမှာတွေညှိရမှာတွေတိုင်ပင်ရမှာတွေရှိပါသေးတယ်။

ပြီးတော့ ရုပ်ရှင် series ပေါ့။ပြောထားတာတွေတော့ရှိတယ်။အခု ဇာတ်လမ်းက ပြင်ဆင်နေတုန်းပဲမို့ အသိမပေးသေးတာပါ”လို့ ပြောပြထားပါတယ်။

ဇာတ်လမ်းတွဲလည်းရိုက်ဖို့စိတ်ဝင်စားကြောင်း “ဇာတ်လမ်းတွဲလည်းစိတ်ဝင်စားပါတယ်။အဓိကကတော့ ပရိသတ်နဲ့ မဝေးတော့ဘူးပေါ့နော်။ဘယ်လိုခေါ်မလဲ ဇာတ်လမ်းတွဲကလည်း နိုင်ငံတကာမှာဆိုလည်းပရိသတ်စိတ်ဝင်စားခြင်းခံရတာပေါ့နော်။

ဒီမှာလည်း ဇာတ်လမ်းတွဲကောင်းကောင်းလေးတွေရိုက်စေချင်ပါတယ်”လို့ ပြောထားပြီး 7th sense production နဲ့ တွဲဖက်ရိုက်ကူးဖြစ်နေတဲ့အကြောင်းကို “သူတို့နဲ့လည်းပြောတော့ပြောထားတယ်။ အဓိကက သူတို့ Teamwork ကောင်းတယ်။ သူတို့က ရုံတင်တာမြန်တယ်။ အနုပညာသမားတွေကိုနားလည်တယ်။ ညှိုလို့ပြုလို့ရတယ်။

အဆင်ပြေတယ်ပေါ့နော်။ နောက်ထပ်ဇာတ်လမ်းကောင်းကောင်းလေးတွေလည်းရွေးချယ်ပြီးတိုင်ပင်ပြီးရိုက်သွားဖို့ရှိပါတယ်”လို့ ဖြေကြားထားပါတယ်။

 

 

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ကစ်က “အချစ်ကားကောင်းကောင်းလေးကြည့်ချင်တဲ့လူတွေ လာကြည့်ပါလို့ပြောချင်ပါတယ်။ Press show မှာကြားရမယ့်အသံတွေကိုလည်းအရမ်းရင်ခုန်ပါတယ်။ အဲဒီထဲမှာ ကစ်က အရမ်းအချစ်ကြီးတယ်။သံယောဇဉ်ကြီးတဲ့ ကောင်မလေးပေါ့။ အပြင်က ဝတ်မှုန်ရွှေရည်လည်း သံယောဇဉ်ကြီးပါတယ်။

အချစ်ကြီးပါတယ်။မိုးနှောင်းရဲ့နေရာက လုပ်ရတာနည်းနည်းလေးခက်တဲ့နေရာပေါ့နော်။ ဇာတ်လမ်းကြည့်ပြီးရင်တော့ သိသွားမှာပါ။ အကုန်လုံးက မတိမ်းမယိမ်းလေးတွေပဲဆိုတော့ ။မင်းသားတွေဆိုတာလည်း မိန်းကလေးတွေရဲ့စိတ်ကူးယဉ်တဲ့မင်းသားလေးတွေဖြစ်နေတော့ အချစ်ကားငြိမ့်ငြိမ့်လေးတော့ဖြစ်နေတာပေါ့”လို့ ပြောပြထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.