“အပြင်မထွက်ဘဲ အိမ်မှာပဲ​ရေသူထီးလေးလုပ်ကာ ​ဆော့ကစား​နေတဲ့ သဉ္ဇာနွယ်ဝင်းသား​လေး peach ရဲ့ဗီဒီယိုဖိုင်​လေး”


 

 


 

 


 

https://web.facebook.com/teddybear.lay.9/videos/1299730713558516/

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးတွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာဆိုရင် ချစ်စရာကောင်းတဲ့သားလေးမွေးပြီးတဲ့နောက်မှ အနုပညာအလုပ်ကို ခတ္တရပ်နားထားတာပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအခုထိကိုရရှိထားသူတစ်ဦးဆိုလည်းမမှားလောက်ပါဘူးနော်။ သူမတို့ရဲ့အိမ်ထောင်ရေးလေးကတော့ ကြင်နာတတ်တဲ့ခင်ပွန်းလောင်းနဲ့ ချစ်စရာကောင်းတဲ့သားသားလေးတို့နဲ့ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ သူမရဲ့ချစ်စရာကောင်းတဲ့သားသားလေးနဲ့ခင်ပွန်းပုံတွေရဲ့အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုအမြဲမပြတ်တင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၅)ရက်နေ့မှာ သဉ္ဇာနွယ်ဝင်းက”အိမ်မှာနေပြီးရေသူမ လုပ်နေတာသားသားကအပြင်မထွက်ရတော့လဲရှိတာနဲ့ဆော့တာပဲ”ဆိုကာ သားသားလေးရဲ့ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုလတ်တလောမှာ virusပိုးကြောင့် အပြင်မထွက်ရတဲ့အချိန်လေးမှာ အိမ်မှာလည်းပျော်အောင်ဆော့လေ့ရှိတဲ့သားသားလေးရဲ့ဗီဒီယိုလေးကိုတင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းရဲ့သားသားလေးဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း သဉ္ဇာတို့သားအမိနှစ်ယောက်ကိုချစ်တယ်ဆိုရင် မှတ်ချက်လေးရေးပေးခဲ့ကြပါနော်။

Soure…Thinzar Nwe Win’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.