“အိမ်မှာနေတဲ့အချိန်လေးမှာ သူ့ရဲ့ ခံစားချက်လေးတွေကို အမိုက်စား အနုပညာတစ်ခုအဖြစ် ချပြလိုက်တဲ့ ပိုင်တံခွန်”


 

 

 


 

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

နှုတ်ခမ်းနှီမလေးတွေရဲ့ အသည်းကျော် ပိုင်တံခွန်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေဟာ ပြည်တွင်းမှာတင်သာမကပဲ ပြည်ပ အိမ်နီးချင်းနိုင်ငံတွေမှာပါ ပရိသတ်တွေ ရရှိနေတဲ့သူပဲဖြစ်ပါတယ်..။ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူချစ်ခင်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့အတူတူ နေထိုင်နေတာပါ..။

လက်ရှိ ဗိုင်းရပ်စ်ပျံ့နှံ့မှုတွေကြောင့် အနုပညာရှင်အချို့လည်း ရိုက်ကူးမှုတွေနားကာ အိမ်မှာ ပဲနေထိုင်နေကြတာပါ..။ ပိုင်တံခွန်ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှု အန္တာရာယ်က ကာကွယ်ဖို့အတွက် အိမ်မှာပဲ နေထိုင်ရင်း လုပ်စရာမရှိတဲ့အချိန် လုပ်မိတဲ့အရာလေးတစ်ခုကို “ပျင်းလို့ လျှောက်ခြစ်ထားတာ” ဆိုပြီး ပုံလေးနဲ့အတူ သူ့ရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။ ပုံလေးထဲမှာ အမယ်အိုတစ်ယောက်ဝမ်းနည်းနေတဲ့ ပုံလေးကို အသက်ဝင်အောင် ရေးဆွဲထားတာပဲဖြစ်ပါတယ်..။

ပိုင်တံခွန်ကတော့ သူ့ရဲ့ ခံစားချက်လေးတွေကို အနုပညာတွေနဲ့ချပြရာမှာ တော်လွန်းတဲ့သူလို့ ပြောရင်မှားမယ် မထင်တော့ပါဘူးနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးအတွက်လည်း အသက်ဝင်လွန်းလှစွာ ပိုင်တံခွန်ရေးဆွဲထားတဲ့ ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Paing Takhon’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.