အမေ Shopping ထွက်တာကို လိုက်ပေးတဲ့ သားချောလေးကြောင့် ပီတိဖြစ်နေတဲ့ ရတနာခင်

Posted on

လွန်ခဲ့တဲ့ နှစ်တွေက အရမ်းကိုလှတဲ့ မင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေ အရမ်းချစ်ခဲ့ကြတဲ့ ရတနာခင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ရပ်နားထားပြီး ချစ်ရတဲ့ မိသားစုကို အပြည့်အဝအချိန်ပေးဖြစ်နေတာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ သားချောလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ရတနာခင်ကတော့ မကြာခဏဆိုသလို မိသားစုရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ရတနာခင်က သူမ Shopping ထွက်တာကို လိုက်ပေးတဲ့ သားအကြီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရတနာခင်ရဲ့သားအကြီးလေးကတော့ အရမ်းကို ခန့်ချောပြီး လူပျိုပေါက်လေး ဖြစ်နေပါပြီနော်။

ချစ်ပရိသတ်တွေအတွက် သားချောလေးက Shopping ထွက်တာကို လိုက်စောင့်ပေးလို့ ပျော်နေတဲ့ မေမေ ရတနာခင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရတနာခင်ကတော့ “အမေ shopping လုပ်တာကိုလိုက်ပေးရှာတဲ့သားကြီး (သူလိုချင်တာတွေလဲပူဆာချင်တာကိုးး)” ဆိုပြီး ချစ်စရာကောင်းအောင် ရေးသားထားတာပဲ ဖြစ်ပါတယ်။

အသက် (၁၃) နှစ်ကျော်ပြီဖြစ်တဲ့ ရတနာခင်ရဲ့သားကြီး ဇွဲဦးထက်ကတော့ အဖေနဲ့ရော အမေနဲ့ပါတူလို့ အရမ်းကို ဖက်ရှင်ကျပြီး၊ ခန့်ချောကြီး ချောနေတာပါနော်။

အမေ Shopping ထွက်တာကို အထုတ်လိုက်ဆွဲပေးတဲ့ သားချောလေး။ လိမ္မာလိုက်တာနော်…

ရတနာခင်ကတော့ ဘာသာရေးကိုလည်း အရမ်းလိုက်စားသူတစ်ဦးဖြစ်ပြီး၊ ပျော်ပွဲရွှင်ပွဲတွေဆိုရင်လည်း လူငယ်ဆန်ဆန် ပျော်တတ်သူတစ်ဦးပါ။ ရတနာခင်ရဲ့သားအကြီးလေး ဇွဲဦးထက်ကတော့ အခုဆိုရင် အသက် (၁၃) နှစ်ကျော်ပြီဖြစ်ပြီး သားအငယ်လေး နှစ်ယောက်ကတော့ ၆နှစ်နဲ့ ၄နှစ်ခွဲအရွယ်ရှိပြီလို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချောတဲ့ သားလေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေရတနာခင်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source;Yadanar Khin’s Facebook

ခရက်ဒစ်-momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.