” အမေဖြစ်သူခင်ဇာခြည်ကျော်ရဲ့ Skincare ရောင်းချမှုကို ကူညီကာ Liveလွှင့်ရောင်းချပေးရင်း တစ်ညထဲနဲ့ ၁၅သိန်းဖိုးရောင်းထွက်ခဲ့တယ်ဆိုတဲ့ ထင်သစ္စာ”
Posted on
unicode
ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုအကြာကနေအားပေးလာကြတဲ့ မင်သမီးကြီးတစ်လက်ပဲ ဖြစ်ပါတယ်။ယခုလက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေအချစ်ပိုနေဆဲ ဝါရင့်မင်းသမီးကြီးပါပဲနော်။
ပရိသတ်တွေသည်းသည်လှုပ်ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့သူဆိုလည်း မမှားပါဘူး။ သားသမီးတွေအပေါ်မှာ အမေတစ်ယောက်လိုအပြင် သူငယ်ချင်းတွေလိုဆက်ဆံရေးမျိုးရှိတဲ့ ခင်ဇာခြည်ကျော်ကတော့ သားတွေသမီးတွေနဲ့အတူ TikTok လေးတွေရိုက်ကူးကစားကာ ပရိသတ်တွေကိုပြန်လည်မျှဝေပေးလေ့ရှိပါတယ်နော်။
လက်ရှိမှာလည်း Covidကာလမှာ အွန်လိုင်းကနေ မာလာရှမ်းကောရောင်းနေတာဖြစ်ပြီး အခြားskincareတွေလည်းရောင်းချနေတာပါ။ ဒီနေ့မှာတော့ ထင်သစ္စာလေးဟာ သူမမေမေနဲ့အတူLive လွှင့်ရောင်းချခဲ့တဲ့ skincare ဟာ တစ်ညထဲနဲ့၁၅သိန်းဖိုးရောင်းချနိုင်ခဲ့တဲ့အတွက် ပေိာ်ရွှင်နေကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာMy dayမှာ ပြောပြခဲ့တာပါ။ ခင်ဇာခြည်ကျော်ကတော့ သမီးကထီးဆိုတဲ့အတိုင်းအားကိုးရတဲ့သမီးကိုပိုင်ဆိုင်ထားတာပါပဲနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော
Source : Htin thitsar’smyday
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.