အမေရှိတုန်းလေး ကျေးဇူးဆပ်ချင်လို့ ကျောင်းထွက်လိုက်တဲ့အကြောင်း ပြောပြခဲ့တဲ့ ဇွန်ပြည့်

မိဘရဲ့ကျေးဇူးကို ဆပ်ဖို့ အခွင့်အရေးဆိုတာက လူတိုင်းရဖို့ လွယ်ကူလှတဲ့ အခွင့်အရေး ဖြစ်သလို ၊ သား ၊ သမီးတိုင်း လုပ်နိုင်တဲ့ အရာတွေလဲ မဟုတ်ပါဘူး ။ အခြေနေနဲ့ ကံအကြောင်းတရားရဲ့ တိုက်ဆိုင်မှုကြောင့်သာ ဒီလို အခွင့်ရေးမျိုး ရှိကြတာပါ ။

တချို့ကျတော့ ပျော်ရွှင်ဖွယ်ရာ အကြောင်းအရာတွေနဲ့ မိဘကျေးဇူး ဆပ်ခွင့် ရခဲ့သလို တချို့ကျရင်လည်း ပူဆွေး သောကတွေနဲ့ မိဘအတွက် တစ်ခုခုကို စတေးပြီး မိဘကျေးဇူးကို ဆပ်ကြရပါတယ် ။

အဲ့ဒီလိုဆို အခြေနေတွေထဲမှာတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပြည့်လည်း ပါပါတယ် ။ အခု ဇွန်ပြည့်နဲ့ 8Days မီဒီယာနဲ့ အင်တာဗျူးမှာ သူပြောပြသွားတဲ့ အကြောင်းတွေကို ပရိသတ်တွေကို သိအောင် ပြောပြပေးလိုက်ပါတယ် ။ ဇွန်ပြည့်က “ အမေ့အခြေနေက အခုတော်တော်လေးတော့ ကောင်းလာပါပြီ ။

အရင်ကထက်စာရင် မောလည်းမမောတော့ဘူး ၊ အသံကလည်း တော်တော်လေး မာလာပြီဆိုတော့ အကောင်းဘက်ကို ရောက်သွားပြီလိုတော့ ပြောရမှာပေါ့ ။

အမေဆုံးပြီဆိုတဲ့ သတင်းတွေကို စတွေ့တွေ့ချင်းမှာတော့ ညကလည်း တစ်ညလုံးကောင်းကောင်း မအိပ်ရဘူး ငိုရတယ် ။ မနက်ကျတော့ ဟုတ်ပမလားပေါ့ အစ်ကိုနဲ့ အဒေါ်ကို ဖုန်းဆက်ကြည့်လိုက်တော့မှ မဟုတ်ဘူးတဲ့ အကောင်းအတိုင်း ရှိသေးတယ် ။ ဆေးရုံမှာပဲ ရှိသေးတယ် ။

ကိုယ်တိုင်လည်း မယုံလို့ လာကြည့်လိုက်တော့ အမေက ကောင်းသေးတယ်ဆိုမှာ အဲ့ဒီအလုံးကြီးက ကျသွားတာပေါ့နော် ။

လူတွေက ဘယ်လိုပြောရမလဲ အကြောင်းကိစ် စတစ်စုံတရာကို ဂဃနဏ မသိပဲနဲ့ ရှောက်တင်တာတွေ ဘာတွေဆိုတာက ဘာပဲ ဖြစ်ဖြစ်တစ်ဖက်သား သူတွေကို ဒုက္ခရောက်စေချင်တယ် ။

အဲ့ဒီလိုမျိုး မလုပ်စေချင်ဘူး ။ စိတ်မကောင်းဘူးပေါ့ သူဒီတောင်ကို ကျော်နိုင်ပါ့မလား ကျော်နိုင်ပါ့မလားလို့ အမြဲတမ်း စိုးရိမ်ရတယ် ။ ဒါပေမယ့် ဘယ်လိုပြောမလဲ ဘုရားတရားနဲ့လည်း ဆိုင်တာပေါ့နော် ။ ဘုရားတရားလည်း အမေက အမြဲတမ်းလုပ်တယ် ။

သမီးလည်း လုပ်တယ်ဆိုတော့ သူ ဒီကျန်းမာရေး အခြေအနေကို တစ်ခုပြီးတစ်ခု ကျော်နိုင်ခဲ့တာပေါ့ ။ စိတ်ထဲမှာ ဝမ်းလည်း ဝမ်းနည်းတယ် စိတ်ထဲလည်း မကောင်းဘူး ။ ရှေ့လျှောက်အမေ့ကို TV ထဲမှာ ပြန်မြင်ချင်တာပေါ့ ။ သမီးရဲ့ ခံယူချက်ကို ပြောရမှာပေါ့ ။

သူများတွေကတော့ အမေ နေမကောင်းတဲ့ အချိန်မှာ အနားနားမှာနေပေါ့ အခု သမီးအသက်က ၁၇ ကျော်ပြီဆိုတော့ အလုပ်က မဖြစ်မနေ လုပ်ရမယ့် အရွယ်လည်းရောက်ပြီ ။

နောက်ပြီးတော့ အမေ့ကို သမီးရဲ့ လုပ်အားခ နဲ့ ချွေးနဲ့စာတွေနဲ့ ဘာပဲဖြစ်ဖြစ် အမေ ဒီလောကက ထွက်မသွားခင်လေးတော့ သမီးလုပ်စာလေးနဲ့ ရှာကျွေးချင်တယ် ။

အဲ့ဒီတော့ သမီး မဖြစ်မနေအလုပ်ကို ထွက်လုပ်ရတာ ။ ပညာရေးကတော့ အမေ့အတွက် စွန့်လွှတ်ရတယ် ဆိုတော့ မနှမြောပါဘူး” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.