အမေစုကို ယုတ်ညံတဲ့ အကောင် နဲ့ နှိုင်းလို့ ဝေဖန်ခံနေရတဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်

Posted on

ပရိသတ်ကြီးရေ ၊ အခုတစ်ခေါက်မှာ ICJ တရားရုံး မှာအမေစု ကိုယ်တိုင် လူမျိုးတုံးသတ်ဖြတ်တယ်ဆို တဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ သွားရောက်နေတာပါ ။ နိုင်ငံတစ်ဝှမ်းလုံးမှာလည်း အမေစု အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ တရားနိုင်စေဖို့ ထောက်ခံပွဲတွေပြုလုပ်နေကြပါတယ် ။

ဒီလို တနိုင်ငံလုံး အုံးအုံးကျွက်ကျွက်ထောက်ခံ နေကြချိန်မှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် တစ်ယောက် အမေစုကို ယုတ်ညံ့တဲ့ အကောင်တစ်ကောင်နဲ့ ခိုင်းနှိုင်းခဲ့တဲ့ အတွက် လူမှုကွန်ရက်အသုံးပြုသူတွေ ဒေါသထွက်ခဲ့ရတာပါ ။ အမေစု မနေ့က တရားခွင်မှာမှိုင်တွေနေတဲ့ပုံတက်လာပြီး မကြာခင်မှာ “လင်းတ မှိုင် (လဒမှိုင်)
ဟိမ၀န္တာလင်းတ တဲ့
ဘာတွေစိတ်ညစ်နေလဲမသိဘူး.
လင်းတလောက်တော့ ငှက်တိုင်းလှပပေမယ့်
ငှက်တိုင်း လဒမှိုင် မှိုင် တတ်ဖို့တော့မလွယ်ဘူး။” ဆိုတဲ့ စာသားကို အချိန်ကိုတင်လိုက်တာပါ ။

အခုလို တင်လိုက်တဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက မဖြစ်သင့်ကြောင်း သုံးသပ်နေကြပါတယ်။ ပရိသတ်ကြီးရေ ဒီကိစ္စ နဲ့ ပတ်သက်ပြီး အမြင်သဘောထားလေးတွေ ပြောပြခဲ့ကြပါဦး ။Si
Source – Ye Htut

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.