ပရဟိတ မင်းသမီးကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ မိဘမဲ့ကလေးတွေကိုလည်း သူမကိုယ်တိုင် မိခင်အဖြစ်ခံယူပြီး မွေးစားနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ခိုင်နှင်းဝေက သူမမွေးစားထားတဲ့ ကလေးတွေထဲက အကြီးဆုံးဖြစ်တဲ့ သားကြီး ခိုင်ခန့်မောင်အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အမေကို သိနေပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သားကြီးကတော့ တကယ့်ကို ချစ်စရာကောင်းလှပါတယ်နော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ သားအကြီးအကြောင်း ကြည်နူးစွာ ပြောပြလာတဲ့ ခိုင်ခန့်မောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခိုင်နှင်းဝေကတော့ “ကျမရဲ့သားကြီးခိုင်ခန့်မောင် ဒီနေ့ကျမရိုက်ကူးရေးလုပ်တော့ သူ့ကိုချီထားတာလေ. အမေပြောသမျှကို မော့ကြည့်နေလိုက်တာ ကျမသားရဲ့မျက်လုံးလေးတွေက မေမေပြောနေတာတွေကိုနားလည်နေသလိုလို, မေမေဘယ်လောက်ပင်ပန်းသလဲဆိုတာစာနာသလိုလို, မေမေသားတို့အကြောင်းတွေပြောနေတယ်ဆိုတာသိနေသလိုလို,အင်တာဗျူးရိုက်နေတဲ့ မိနစ်၃၀လောက်ကို လုံးဝဂျီမကျပဲ,မအော်ပဲ,မငိုပဲ ငြိမ်ငြိမ်လေးနေပေးနေတာ ပုံမှန်ဆို အိပ်နေချိန်ကလွဲလို့ တချိန်လုံးဆော့နေတာလေ, ၈လကျော်ပြီဆိုတော့ ငြိမ်ငြိမ်မနေတော့ဘူး.ကျမကအလုပ်လုပ်နေတယ်ဆိုတာ သားကသိတယ် …ပြုံးပြပါဆိုပြုံးပြတယ်.ကျမရဲ့ မေတ္တာတရားတွေကို ကျမ သားတွေ,သမီးတွေ ခံစားမိရင်,နားလည်ရင် ကျမ အမောပြေပါပြီ
.ဘေးထိုင်ဘုပြော, ဘာပဲလုပ်လုပ်အကောင်းမမြင် မေတ္တာမထားတတ်တဲ့သူတွေကို ဥပေက္ခာတရားကလွဲလို့ ပေးစရာဘာမှမရှိတော့ပါဘူး…ဘယ်သူတွေဘယ်လိုပြောပြော ကျမ ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို ကျမရဲ့ သားတွေသမီးတွေနဲ့အရောက်လှမ်းမှာမို့ ပရိသတ်ကြီးကလည်း ကျမနဲ့ကလေးတွေအပေါ် ချစ်ပြီးမေတ္တာထားပေးဖို့ထပ်ပြီးတောင်းဆိုပါရစေနော် ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ” ဆိုပြီး သူမရဲ့မေတ္တာကို နားလည်နေပြီဖြစ်တဲ့ သားအကြီးလေး ခိုင်ခန့်မောင်ရဲ့အကြောင်းကို ကြည်နူးစွာ ပြောထားတာပါ။
အမေကို ကြည့်နေတာများ စိုက်နေတာပဲ သားလေးရယ် ချစ်ဖို့ကောင်းချက်…။ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ချို့တဲ့တဲ့ သူတစ်ချို့ကို တတ်နိုင်တာလေးတွေ ကူညီပေးရင်း၊ မိဘမဲ့ကလေးတွေကို မိခင်အမည်ခံပြီး မွေးစားထားတာ ကလေးတွေ အများကြီးဖြစ်နေပါပြီ။ မွန်မြတ်တဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက် “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပါ။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ခိုင်နှင်းဝေတို့ သားအမိကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။