ကြည်လင်တဲ့ မဟာဆန်ဆန်အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ လက်ရှိမှာ ချစ်ရတဲ့ သားလေးရယ် ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ။ လတ်တလောမှာတော့ မယ်လိုဒီက ချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ရဲ့သိတတ်လွန်းတဲ့ အပြုအမူလေးတစ်ခုကြောင့် ကြည်နူးပီတိဖြစ်နေရတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမြဲလိုလို အဖေကိုပဲ ခင်တွယ်လွန်းတဲ့ သားလေးက သူမကို ဂရုစိုက်နေတာကြောင့် မေမေ မယ်လိုဒီတစ်ယောက် အပျော်ကြီး ပျော်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းချစ်စရာကောင်းတဲ့ မယ်လိုဒီတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မယ်လိုဒီကတော့ “အချစ်ဆုးံလေးသားသား💞💞မေမေအေးနေမယ် ဦးထုပ်ဆောင်းပါဆိုလိုအချစ်ကလေးသဘောကျ ဆောင်းရတယ်💞” ဆိုပြီး ချစ်ရတဲ့ သားလေးက သူမကို သိတတ်လွန်းတာကြောင့် ကြည်နူးနေရတဲ့အကြောင်း တင်ထားတာပါ။
ဦးထုပ်လေးတွေ ကိုယ်စီဆောင်းပြီး လှနေကြတဲ့ မေမေနဲ့ သားသား…။
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မယ်လိုဒီကတော့ လတ်တလောမှာ မိသားစုကို အချိန်ပေးရင်း၊ စီးပွားရေးရော၊ အနုပညာအလုပ်တွေပါ ဆက်တိုက်လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်ဦးတည်းသော သားလေးကို အချစ်ပိုနေတဲ့ မေမေ မယ်လိုဒီကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Source:Melody Myo’s Facebook
ခရက်ဒစ် မိုမိုလေး