” အဖေဖြစ်သူကို ဆေးအကြီးကြီးထိုးကာ စနောက်ခဲ့တဲ့ အောင်ရဲလင်းရဲ့ ဗီဒီယိုဖိုင် “

Posted on

ပရိသတ်ကြီးရေ (၂၀၀၅) ခုနှစ်ကစပြီး John Lwin’s International Modeling Agency ရဲ့ မော်ဒယ်အဖြစ်နဲ့ အနုပညာခြေလှမ်းစတင်ခဲ့တဲ့ အောင်ရဲလင်းဟာ အခုအချိန်မှာ မော်ဒယ်တစ်ယောက်အဖြစ်ရော သရုပ်ဆောင်မင်းသားအဖြစ်ပါ အောင်မြင်လျက်ရှိပါတယ်..။ (၂၀၁၀) ခုနှစ်ကစလို့ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ရေသူမ ဗီဒီယိုဇာတ်ကားရဲ့အဓိက မင်းသားအဖြစ်နဲ့ စတင်လုပ်ကိုင်ခွင့်ရခဲ့ပြီး အခုအခါမှာ ရုပ်ရှင်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေအများကြီး ရိုက်ကူးအောင်မြင်ထားပြီးဖြစ်ပါတယ်..။

အဘက်ဘက်ကဆွဲဆောင်မှုရှိ ကာ တောင့်တင်းခိုင်မာတဲ့ ဘော်ဒီကိုကိုယ်ပိုင်ဆိုင်ထားလို့ မိန်းကလေးပရိသတ်တွေများစွာရှိပြီး ယောကျာ်းလေးပရိသတ်တွေရဲ့ အားကျမှုကိုခံထားရသူတစ်ယောက်ပါ။ နွေးနွေးထွေးထွေး နေရတဲ့ မိသားစုကို ပိုင်ဆိုင်ထားအလျောက် မိသားစု တွေကြား ဆက်ဆံရေးကလဲ အရမ်းကို ပျော်ရွှင်ကြည်နူးစရာကောင်းလှပါတယ်နော်။

သူရဲ့အဖေဖြစ်သူ ဂီတာတီးပြီးသီချင်းဆိုနေတာလေးကို video ခိုးရိုက်ကာ” Feel နေတယ်နော်အဖေ စော်ရနေတာလား” ဆိုတဲ့ စာရေးပြီး Myday မှာ ကြည်နူးစရာ ဆေးထိုးစနောက်ထားတာတွေ့ရပါတယ်။ အောင်ရဲလင်း ကို အားပေးနေတဲ့ ပရိသတ်ကြီးအတွက် ဆေးထိုးကြမ်းတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်နော်။

Source : Aung Ye Lin

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.