ဆက်စီ ကျတယ်ဆိုတာ အဖော်အချွတ်တွေ လုပ်မှ ဆက်စီ ကျတယ်ဆိုပြီး လွဲမှားနေကြတဲ့ သူတွေရှိပါတယ်။ ဖော်မှ ချွတ် မှ နာမည်ကြီးမယ်ဆိုပြီး လွဲမှားတဲ့ အတွေးတွေ ရှိနေကြတဲ့ သူတွေလည်း အများကြီးပါ။ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ် တန်း မင်းသမီးတွေထဲမှာ အဖော်အချွတ်တွေ မလုပ်ပဲ နာမည်ကြီးနေတဲ့ သူတွေလည်း အများကြီးပါ။ အေဖော်အချွတ် မလုပ်ပဲ နာမည်ကြီးနေတဲ့ မြန်မာမင်းသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ကျန်ခဲ့တာရှိရင်လဲ ဖြည့်ပေးခဲ့အုံးနော်.. )
1#အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ပါ။ သူမရဲ့ ၀တ်စားဆ င်ယင်မှုတွေဟာ မြန်မာမိန်းကလေးတွေ စံ ထားရလောက်တဲ့ အထိ နာမည်ကြီးပါတယ်။ Sexy လိုင်းကို လုံးဝ မသွားပဲ ရပ်တည်နေသူတစ်ယောက်ပါ။
2#သက်မွန်မြင့်
နောက်တစ်ယောက်ကလည်း အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ပါ။ ချစ်သက်ကလည်း အနုပညာလောကထဲကို စ ရောက်တည်းက ၀တ်စားဆင်ယင်မှု အပိုင်းမှာ နာမည်ဆိုးမရှိတဲ့ မင်းသမီးတစ်ယောက်ပါ။ အခုဆိုရင် တော့ လုံခြုံ လှပပြီး Classic ဘက်ကိုသွားတဲ့ ပုံစံမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်တာကိုတွေ့ရပါတယ်။
3#ပိုင်ဖြိုးသု
စပေါ်တည်းကနေ အခုထိ ၀တ်စားဆင်ယင်မှုပိုင်းမှာ အပြစ်ပြောစရာမရှိတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ ပိုင်ဖြိုးသုကလည်း အကယ်ဒမီ မင်းသမီးတစ်ယောက်ပါပဲ။ ကာလဒေသနဲ့ လိုက်ဖက်အောင် ခေတ်ရှေ့ ပြေး အ၀တ်အစားမျိုး တွေကို ၀တ်ရတာမျိုးရှိပေမယ့်လည်း အဖော်အချွတ် မျိုးမဟုတ်တဲ့ မိန်းကလေးဆန်ဆန် အ၀တ်အစားမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်တတ်သူပါ။
4#ချစ်သုဝေ
ခေတ်နဲ့ သစ်ရဲ့ မေမေကတော့ အဆိုတော် ၊မင်းသမီးချော တစ်ယောက်ပါ။ ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ သူမ ရဲ့ အပြောအဆို အနေအထိုင်တွေကတော့ ပရိသတ်တွေ အတွက်တော့ တကယ့်ကို စံထားလောက်စရာပါ။ အခုထိလည်း ၀တ်စားဆင်ယင်မှုပိုင်းမှာ ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုး မရှိခဲ့ဖူးသူပါ။
5#ခိုင်သင်းကြည်
ဖျတ်လတ်သွက်လက်တဲ့ မခိုင်လေးကလည်း ၀တ်စားဆင်ယင်မှုပိုင်းမှာ ပရိသတ်ချီးကျူးခံရသူတွေထဲက တစ်ေ ယာက်ပါ။ တမင်ဖော်ချွတ်ပြီး ဆွဲဆောင်တဲ့ အ၀တ်အစားမျိုးကို အခုထိ မ၀တ်ခဲ့ဖူးတဲ့ မင်းသမီးတစ်ယောက်ပါ။
6#မအေးသောင်း
နောက်တစ်ယောက်ကတော့ မအေးသောင်းပါ။ မြန်မာဝတ်စုံလေးတွေနဲ့ နာမည်ကြီးတဲ့ မအေးသောင်းကလည်း သူမရဲ့ ကိုယ်ပိုင်ဟန်ကို အခုထိ ထိန်းထားသူပါ။
7#၀တ်မှုံရွှေရည်
ဝတ်မှုံရွှေရည်ကတော့ နေရာဒေသနဲ့ လိုက်ပြီး ခေတ်ရှေ့ပြေး ဖက်ရှင်တွေကိုလည်း ၀တ်ဆင်ရတဲ့ မင်းသမီး တစ်ယောက်ပါ။ ဒါပေမယ့်လည်း တမင်ဖော်ချွတ်ပြီး ဆွဲဆောင်တဲ့ အ၀တ်အစားမျိုးတွေကို ၀တ်တာ မတွေ့ရတဲ့ မင်းသမီး တစ်ယောက်ပါ။
8#စိုးပြည့်သဇင်
စိုးပြည့်ကတော့ တကယ့်ကို ချီးကျူးစရာပါ။ လူငယ်တစ်ယောက်လည်း ဖြစ်ပေမယ့် သူမကို ဖော်ချွတ်ဖက်ရှင်မျိုးနဲ့ လုံးဝ မတွေ့ ရသူပါ။ အမြဲတမ်းရိုးရိုးအေးအေးလေးနဲ့ နေတတ်တဲ့ သူမရဲ့ ပုံစံ လေးကို ပရိသတ်တွေက အချစ်ပိုနေကြတာပါ။
9#မိုးစက်ဝိုင်
Miss Universe Myanmar တစ်ယောက်လည်း ဖြစ်တဲ့ မော်ဒယ်၊မင်းသမီး လေးပါ။ မိုးစက်ကတော့ မြန်မာဖက်ရှင်ပဲ ဖြစ်ဖြစ်၊တခြား ခပ်လန်းလန်းဖက်ရှင် မှာပဲ ဖြစ်ဖြစ် သူမရဲ့ Class တစ်ခုကိုတော့ ထိန်းထားတတ်တဲ့ သူပါ။ ဖော်ချွတ်နေတဲ့ ဖက်ရှင်မျိုးတွေ လုံးဝ မတွေ့ရသူပါ။
10#မေမြင့်မိုရ်
MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာကြတဲ့ မင်းသမီးတိုင်းလိုလိုက ဖက်ရှင် ပိုင်းမှာ လုံလုံခြုံခြုံပုံစံ တွေကိုပဲ ရွေးချယ်ဝတ်ဆင်ကြတာများပါတယ်။ အဲ့ဒီအထဲမှာ မေမြင့်မိုရ်ကလည်း တစ်ယောက်အပါအ၀င်ပါ။
11#ခင်ဝင့်ဝါ
ခင်ဝင့်ဝါကတော့ Cute လိုင်းဘက်ကိုပဲ သွားတဲ့ ဖက်ရှင်မျိုးတွေကို အများဆုံးဝတ်ဆင်လေ့ရှိသူပါ။ဖော် ချွတ် ဖက်ရှင် မျိုးတွေကိုတော့ မရွေးချယ်တာကို တွေ့ရပါတယ်။
12#ယွန်းယွန်း
ကလေးသရုပ်ဆောင်ဘ၀တည်းက ပရိသတ်ချစ်ခင်အားပေးမှုကို ရထားတဲ့ ယွန်းယွန်းကလည်း ဖက်ရှင် ပိုင်းမှာ ဖော်ချွတ် ပုံစံမျိုးတွေကို မရွေးပဲ သူမနဲ့ လိုက်ဖက်ပြီး လုံခြုံလှပတဲ့ ဖက်ရှင်မျိုးကိုပဲ ရွေးချယ်ဖြစ်တာကိုတွေ့ရပါတယ်။
Photos from အနုပညာရှင်များရဲ့ fb