အဖေများနေ့မှာ ပြန်မလာနိုင်တော့တဲ့ ခရီးရှည်ကြီးကိုထွက်ခွာသွားတဲ့ ဖေဖေအတွက် မာသထူးဝါးရဲ့ “သို့ ဖေဖေ” သီချင်းအသစ်

“အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းလေးနဲ့ လူသိများပြားလာခဲ့ရတဲ့ ကိုရီးယားရောက် ကရင်တိုင်းရင်းသူလေး Naw MarthaHtoo ဟာဆိုရင် အရမ်းကောင်းလွန်းတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။

အရမ်းကောင်းတဲ့ စွဲမက်ဖွယ်အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ ယခုဆိုရင် ကျောင်းစာတစ်ဖက်နဲ့ သူမချစ်တဲ့ သီချင်းတွေကို သီဆိုနေဆဲ ဖြစ်ပါတယ်။

 

 

ဒီကနေ့ ဇွန်လ (၁၆) ရက်နေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာတော့ မာသထူးဝါးက သူမရဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ထားပေးပါတယ်။ ထိုသီချင်းလေး နာမည်ကတော့ “သို့…ဖေဖေ” လို့ အမည်ရပါတယ်။

 

 

ဒီသီချင်းလေးကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ခရီးရှည်ကြီးကို ထွက်ခွာသွားတဲ့ ဖခင်အတွက် သမီးလေးရဲ့ လွမ်းဆွတ်တမ်းတမှုတွေကို ရေးသား သီဆိုထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မာသထူးဝါးရဲ့ “သို့…ဖေဖေ” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

 

မာသထူးဝါး- သို့…ဖေဖေ

 

 

 

သီချင်းလေးကတော့ ခံစားချက်နဲ့ တိုက်ဆိုင်သူတွေအဖို့တော့ ဝမ်းနည်းစရာပဲနော်။ ပရိသတ်ကြီးလည်း ဒီနေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ ဖခင်ရဲ့ မေတ္တာတွေကို ခံစားသိရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.