အဖေများနေ့မှာ နွေးထွေးတဲ့မေတ္တာ တရားတွေလွှမ်းခြုံထားတဲ့ ရင်ခွင်ထဲမှာ သားလေးကိုပိုက်ပြီး တစိမ့်စိမ့်ကြည့်နေတဲ့ ဖေဖေမြင့်မြတ်

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ ပရိတ်သတ်တွေက အသိအမှတ်ပြုထားတဲ့ မြင့်မြတ်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်နဲ့ ကြိုးစားပမ်းစားလုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မြင့်မြတ်က လူငယ်ဘဝကတည်းက အနုပညာလောကကိုလျှောက်လှမ်းလာခဲ့သူဖြစ်လို့ အခုချိန်မှာဆိုရင်တော့ အိုင်တင်အရမ်းကောင်းပြီး ပရိတ်သတ်တွေ အများကြီးချစ်ခင်အားပေးကြတာကြောင့် အောင်မြင်နေတဲ့ မင်းသားတစ်လက်ဖြစ်နေပါပြီနော်။

 

 

 

မြင့်မြတ်က ဇာတ်ကားတွေမှာဆိုရင် အိုင်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်ချက်တွေက သဘာဝဆန်လွန်းလို့ ပရိတ်သတ်တွေက အရမ်းကိုသဘောကျပြီး အားပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင် မြင့်မြတ်က အကယ်ဒမီရ ဝါရင့်မင်းသားတစ်လက်လည်းဖြစ်နေပါပြီနော်။

 

 

 

မြင့်မြတ်က အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ခြေလှမ်းမှန်မှန်နဲ့ လုပ်ဆောင်လို့နေပါတယ်။မြင့်မြတ်တို့ ဇနီးမောင်နှံမှာ အရမ်းချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ သာယာချမ်းမြေ့တဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

 

 

 

သားလေး မြတ်သူကလည်း အဖေတူသားလေးဖြစ်လို့ မျက်နှာလေးကပြုံးရွှင်ပြီး ချစ်စမွှေးပါတဲ့ကလေးလေးပါနော်။မြင့်မြတ်ကတော့ သားလေးကိုအရမ်းချစ်ပြီး ခေါ်သွားလို့ရတဲ့နေရာမှန်သမျှကို အမြဲခေါ်သွားနေတာဖြစ်ပါတယ်။

 

 

 

အခုဆိုရင်လည်း အဖေများနေ့လေးမှာ ဖေဖေမြင့်မြတ်ကတော့ နွေးထွေးတဲ့မေတ္တာတရားတွေလွှမ်းခြုံထားတဲ့ ရင်ခွင်ထဲမှာ သားလေးကိုပိုက်ပြီး တစိမ့်စိမ့်ကြည့်နေတာပဲဖြစ်လို့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကိုမျှဝေပေးလိုက်ပါတယ်နော်။

 

 

Source:Myat Wai Tun

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.