အဖေများနေ့မှာ တပ်မှူးဘဝကတည်းက အဂတိလိုက်စားမှုကင်းပြီး အလုပ်နဲ့မိသားစုအပေါ်မှာ တာဝန်ကျေတဲ့ ဖခင်အကြောင်းပြောပြလာတဲ့ ခိုင်သင်းကြည်

ဒီနေ့ဇွန်လ (၁၆) ရက်နေ့ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အဖေတွေအားလုံးကို ဂုဏ်ပြုကြတဲ့ အဖေများနေ့လေးပဲ ဖြစ်ပါတယ်။ အဖေများနေ့မှာတော့ သား၊သမီးတွေက သူတို့ရဲ့ဖခင်ကို အမှတ်တရလက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့လေ့ရှိကြသလို အဖေ့ကိုဘယ်လောက်ချစ်ကြောင်း ဖော်ပြလေ့ရှိကြတာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကလည်း သူမလေးစားတန်ဖိုးထားတဲ့ ဖခင်ဖြစ်သူရဲ့အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြလာခဲ့ပါတယ်။

 

 

 

ခိုင်သင်းကြည်က ” Happy Father’s Day ကိုယ့်ဘဝမှာချစ်ခင်လေးစားတန်ဘိုးထားရသော,အနုပညာလောကမှာမျက်နှာမငယ်အောင် ,တန်ဘိုးရှိရှိနေတက်အောင်,လမ်းကြောင်းမှန်မှန်လျှောက်လှမ်းနိုင်အောင်ဆုံးမလမ်းပြပေးခဲ့သော,

 

 

 

လေ့ကျင့်ရေး၃တပ်မှူးနှင့်စဝတဥက္ကဌတာဝန်ကိုထမ်းဆောင်ခဲ့စဉ်ကာလမှာလာရောက်ကန်တော့သည့်လက်ဆောင်များထဲက စားစရာမှလွဲ၍ငွေနှင့်တန်ဖိုးကြီးပစ္စည်းများကိုပြန်ပေးတက်သော,အထက်လူကြီးများကိုလဲအစားအသောက်များနှင့်သာကန်တော့တက်သေ

ာ ‘

 

 

 

“တပ်သား၂၀၀၀ကျော်စားသည့်အစားအစာများကို(အသားပါသည့်နေ့တွင်အသားနူးမနူးအရသာရှိမရှိ)ကိုယ်တိုင်စစ်ပြီးမှထမင်းစားတက်သော ရုံးတက်ချိန်မှန်၍ရုံးဆင်းချိန်နောက်ကျတက်သော ‘ယခုအသက်၈၅နှစ်အရွယ်မခိုင်ရဲ့ကျေးဇူးရှင်ဖေဖေ ယခုလိုကျန်းမာစွာဖြင့်အသက်ရာကျော်ရှည်ပါစေကြောင်းအဖေများနေ့တွင်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်”

 

 

 

ဆိုပြီး ပုံလေးတွေနဲ့အတူ အဖေများနေ့အမှတ်တရစကားလေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အဖေများနေ့မှာ ချစ်ရတဲ့အဖေအတွက် အမှတ်တရလေးတွေ မဖြစ်မနေ ဖန်တီးပေးဖို့ မမေ့နဲ့ဦးနော်။

 

 

 

Source: Khine Thin Kyi;

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.