အဖေများနေ့မှာ ချစ်ရတဲ့ဖေဖေကြီးကို ကျေးဇူးတင်စကားပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်က ဒီကနေ့ကျရောက်မယ့် အဖေများနေ့မှာ သူမရဲ့ ဖခင်ကြီးအတွက် ကျေးဇူးတင် ဂါရဝပြုစကာလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆိုထားကိုတွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က “❤️???????? Happy Father’s Day Phay Phay Gyi ????????❤️ U r the only hero for my life & love u so much I’m really proud for being one of your daughter. Wish u all the best for everything ????????????????????????” ဆိုပြီး ပြောထားပါတယ်။

“ပျော်ရွှင်စရာ အဖေများနေ့ပါ ဖေဖေကြီး…အဖေက သမီးဘဝအတွက် ဟီးရိုးတစ်ယောက်ဖြစ်ပါတယ်။ ဖေဖေ့ကို အရမ်းချစ်ပါတယ်နော်။ ဖေဖေ့ရဲ့ သမီးဖြစ်ရတာ အရမ်းကို ဂုဏ်ယူ ဝမ်းသာပါတယ်။ ဖေ့ဖေ့အတွက် အစစအရာရာ ကောင်းမွန်ခြင်းတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။” လို့ လိမ္မာယဉ်ကျေးစွာ ပြောထားတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ နားလည်မှုအပြည့်ရှိပြီး ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ မိဘနှစ်ပါးကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ သင်ဇာလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း မိသားစုနဲ့အတူတူ တစ်သက်လုံးပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thin Zar Wint kyaw’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.