အပေါ်ယံလူစားတွေအကြောင်းပြောပြလာတဲ့မြတ်ကေသီအောင်

Posted on

”ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ပတ်သက်မိပြိီဆို တန်းဖိုးထားကို ထားရမယ်.”လို့ဆိုလာသူက နိုင်ငံကျော်သရုပ်ဆောင် မြတ်ကေသီအောင်ပါ။တခို့တွေက တန်ဖိုးရှိမှု တန်ဖိုးထားလို့ရမှာပေါ့လို့ တာဝန်မဲ့စကားသိပ်ပြောတတ်တယ်. လို့လည်း သူက ဆိုပါသေးတယ်

မကေ က ”လူတွေအားလုံးမှာ သူ့တန်ဖိုးသူရှိတယ်.တောင်းစားနေတဲ့သူတွေတောင် ပိုက်ဆံဘယ်လိုများများရအောင် တောင်းရမလဲဆိုတဲ့ အတတ်ပညာရှိပါတယ်.တခို့လူတွေဟာ သနားအောင်ပြောတတ်ပြီး အကူအညီလိုရင် ဘဝကြီးမှာ ကိုယ်မှမကူညီရင်သေတော့မလို ပြောတတ်ကြတယ်.နောက်တော့အဆင်ပြေသွားရင် ကိုယ်ကပဲ သူ့ကြိုက်လို့ ကူညီလိုက်သလို စပြီးလာပတ်သက်သလို လုပ်ကြံတွေပြောပြီး ကျေးဇူးကန်းတော့တာပဲ.”တဲ့

ဆက်လက်ပြီး ”အထီးကျန်နေပါတယ်ဆိုတဲ့အကြောင်းအရာတွေ အိမ်ကပဲနှင်ချတော့မှာလိုလို ခုပဲလမ်းလေးထွက်ပြီးတောင်းစားရတော့မလိုလို အိပ်စရာမရှိလို့ သူများအိမ်ကပ်အိပ်ရတော့မလိုလို မဟုတ်တာတွေကို လုပ်ကြံပြောတတ်တဲ့လူတွေ တပုံကြီး..နောက်ဆုံးမှာတော့ဘယ်လောက်အရေးကြီးလို့ လိုအပ်တဲ့ပိုက်ဆံလေး ခနပေးပါ.မကြာပါဘူး ပြန်ပေးပါ့မယ်ဆိုတဲ့ မိန်းမ ယောက်ျား အပေါယံလူစားတွေ အများကြီးရှိတယ်ဆိုတာ ယုံလိုက်ပါ.”လို့ပြောပြထားပါတယ်။ မြတ်ကေသီအောင်ရဲ့ကိုယ်တွေ့စကားတွေအတွက်မှတ်ချက်ပေးခဲ့ကြပါဦး

Source- Myat Kay Thi Aung

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.