အပေါ်ယံမှာတော့ စိတ်မာသလိုထင်ရပေမယ့် တစ္ဆေသရဲဆို ကြောက်တတ်ကြတဲ့ ရာသီခွင် (၃) ခု

ကြောက်တတ်တဲ့သူတွေတော်တော်များများက အပေါ်ယံမှာတော့ စိတ်မာတဲ့ပုံမျိုးဟန်ဆောင်ထားတတ်ကြပါတယ်။ စိတ်မာတယ်လို့ထင်ရတဲ့သူတွေက တကယ့်တော့ စိတ်ထားနူးညံ့တတ်သူတွေဖြစ်ကြသလို တစ္ဆေသရဲဆိုပိုတောင်ကြောက်တတ်ကြပါသေးတယ်။ ကဲ ဒါဆိုအပေါ်ယံမှာတော့ စိတ်မာချင်ယောင်ဆောင်ပြီး တစ္ဆေသရဲဆို ကြောက်တတ်ကြတဲ့ ရာသီခွင်တွေက ဘယ်လိုရာသီခွင်တွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) Libra (တူရာသီဖွား – စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

 

 

HoroTrue/pinterest

တူရာသီဖွားတွေကတော့ သရဲရှိမှန်းကို အယုံအကြည်မရှိသူတွေဖြစ်ကြပါတယ်။ အယုံအကြည်မရှိပေမယ့် သရဲဇာတ်လမ်းတွေကိုတော့အရမ်းကြိုက်တတ်ကြသူတွေဖြစ်ကြပါတယ်။ ဒီလို အယုံအကြည်မရှိ ၊ သရဲဇာတ်ကားတွေကိုအရမ်းကြိုက်တတ်ပေမယ့်လည်း သူတို့တွေရဲ့မသိစိတ်ထဲမှာတော့ သရဲကြောက်တတ်ကြပါတယ်တဲ့။

(၂) Sagittarius (ဓနုရာသီဖွား – နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

 

 

HoroTrue/pinterest

 

ဓနုရာသီဖွားတွေကတော့ စိတ်မာတတ်ကြပါတယ်။ ပြောရဲဆိုရဲသတ္တိရှိကြသူတွေလည်းဖြစ်ကြပါတယ်။ သူတို့ကို တိုက်ခိုက်လာတာမျိုးရှိနေရင်လည်း တော်ရုံနဲ့ မပြိုလဲတတ်ကြပါဘူး။ သူတို့တွေက အပေါ်ယံမှာတော့ စိတ်မာပေမယ် တစ္ဆေသရဲကြောက်တတ်ကြသူတွေဖြစ်ပါတယ်။ သရဲကြောက်တာကိုတော့ ကြောက်တယ်လို့ ၀န်မခံတတ်တဲ့ ရာသီခွင်ဖြစ်ပါတယ်။

 

 

(၃) Aquarius (ကုံရာသီဖွား – ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ )

 

 

HoroTrue/pinterest

ကုံရာသီဖွားတွေက တကယ်တော့ စိတ်မာချင်ယောင်ဆောင်ထားကြတဲ့ စိတ်ပျော့တတ်ကြသူတွေဖြစ်ပါတယ်။ စိတ်ပျော့သူတော်တော်များများက သူတို့ရဲ့ပျော့ကွက်ကို ဖုံးထားချင်ကြလို့ စိတ်မာချင်ယောင်ဆောင်ထားတတ်ကြပါတယ်။ သူတို့တွေရဲ့နောက်တစ်ခုကတော့ သရဲကြောက်တတ်ကြတာပါပဲ။ သရဲကြောက်တတ်တဲ့အထဲမှာ ကုံရာသီဖွား တွေက ထိပ်ဆုံးကဖြစ်ပါတယ်။

 

 

လေးစားစွာဖြင့် ခရစ်ဒက် — zalonews

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.