အပေါစား မိန်းမတွေမဖြစ်စေဖို့ အမျိုးသမီးထုကြီးကို အကြံပေးလိုက်တဲ့ ခွန်းဆင့်နေခြည်

Posted on

ပရိသတ်ကြီးရေ မိန်းမပျို မိန်းမအို မိန်းမဟိုင်း ဘယ်လိုအသက်အရွယ်မျိုးမှာတည်ရှိနေတဲ့ ဘယ်လိုမိန်းမမျိုးမဆို ကိုယ်ကျင့်တရားရယ် အရှက်နဲ့သိက္ခာရယ် ရှိကြဖို့လိုအပ်တယ်လို့ ပြောလာသူက နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်ခွန်းဆင့်နေခြည်ပါ။ ခွန်းဆင့် ကတော့ မြန်မာအမျိုးသမီးထုကြီးတစ်ခုလုံးကို အခုလို ချက်ကျလက်ကျထောက်ပြလိုက်တာပါ။

ခွန်းဆင့်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ” မိန်းမကောင်းစရင်းထဲမှာပါဝင်ကြသူအမျိုးကောင်းသမီးလေးတွေကတော့အရှက်မရှိ သိက္ခာမရှိ စည်းကမ်းမရှိ စောင့်ထိန်းမှုမရှိတဲ့ လုပ်ရပ်မျိုးတွေကို ဘယ်တော့မှမလုပ်ကြပါဘူး နေချင်သလိုနေမယ် ပြောချင်သလိုပြောမယ် လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အညံ့စား အပေါစား အောက်တန်းစားလုပ်ရပ်တွေကိုလည်း ဘယ်လိုတန်ဖိုးရှိတဲ့မိန်းကလေးမျိုးကမှ လက်လွတ်စပယ် မလုပ်တတ်ကြပါဘူး ကိုယ့်လုပ်ရပ်တိုင်းနဲ့ ကိုယ့်အပြုအမူအပြောအဆိုတိုင်းက မိမိရဲ့တန်ဖိုးနဲ့အဆင့်အတန်းတွေကိုသတ်မှတ်ပေးသွားကြပါတယ် ”လို့ရေးသားထားတာပါ။

ဆက်လက်ပြီး ”အဖိုးတန် အမျိုးမှန်လေးပါဆိုပြီးကြွေးကြော်နေဖို့လည်းမလိုပါဘူး မိမိစရိုက်တွေက မိမိဘာလဲဆိုတာကိုဖော်ပြပေးသွားပါလိမ့်မယ် ကိုယ့်နှပ်ချေးကိုယ်မမြင်နိုင်ကြပေမဲ့ ဘေးပတ်ဝန်းကျင်ကအကုန်မြင်နိုင်တယ်ဆိုတာ သိထားပါ အဲ့တော့ မိန်းမပျို မိန်းမအို မိန်းမဟိုင်း တွေအားလုံး ဆင်ခြင်တုံတရားလေးတွေစွဲကပ်ပြီး အသိတရားတွေကိုသတိရှိရှိလေးနဲ့ ထိန်းသိမ်းနိုင်ကြပါစို့နော် •••”ဆိုပြီး သူ့အမြင်လေးကို ရိုးရိုးလေး ရေးသားထားတာပါ။ ပရိသတ်ကြီးလည်း ခွန်းဆင့်ရဲ့အမြင်အပေါ်မှတ်ချက်ပေးခဲ့ကြပါဦး။

Source – Khun Sint Nay Chi Actress

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.