စိတ်ထိခိုက်စရာသတင်းတစ်ခုဖြစ်တဲ့ မင်းသမီး ဆောင်းဟေကိုရဲ့ လတ်တလော အိမ်ထောင်ရေးသောကမီးဟာ အခုအချိန်မှသာ ပရိသတ်တွေသိရှိခွင့်ရခဲ့ပေမယ့် အိမ်ထောင်ရေးဘဝမှာ ဘယ်လိုအချိန်ကတည်းက ဘယ်လိုအခက်အခဲပြသနာတွေနဲ့ လှိုက်စားနေခဲ့သလဲ ဆိုတာ ကာယကံရှင်တွေကလွဲပြီးဘယ်သူမှအတိအကျမသိရှိနိုင်ပါဘူး။
လက်ရှိအချိန် မင်းသား ဆောင်ဂျုံကီနဲ့ အိမ်ထောင်ကွဲရအဖြစ်ကို လူသိရှင်ကြားဖြစ်စေခဲ့ပြီးနောက်ပိုင်း စိတ်ဒုက္ခနဲ့ ဖိစီးမှုဒဏ် ကြုံတွေ့ခံစားနေရတဲ့ မင်းသမီးဟာ စိတ်ရောရုပ်ပိုင်းပါ ထိခိုက်ကျဆင်းပြီး ကိုယ်အလေးချိန် ၅ ကီလိုကျလို့ ပိန်ကျသွားတယ်လို့ ဒေသခံသတင်းမီဒီယာတစ်ခုက ဖော်ပြသွားခဲ့ပါတယ်။
” ဆောင်း က နဂိုအရကိုစကားနည်းပြီး ကိုယ့်ခံစားချက်တွေကို ပြောပြလေ့မရှိတဲ့သူပါ။ အခုချိန်မှာတော့ သူ့ရဲ့ အိမ်ထောင်ရေးပြသနာကို ထုတ်ပြောပြတိုင်း စိတ်ထိခိုက်ပြီး ငိုကြွေးခံစားနေရပါတယ် ” လို့ အဲ့ဒီ သတင်းကနေ ဖော်ပြသွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဆောင်းဟေကိုဟာ ယခုနှစ်စပိုင်းကတည်းက ခန္ဓာကိုယ်ပိန်ကျသွားပြီးလက်ချောင်းတွေသေးသွားခဲ့တာကြောင့် လက်ထပ်လက်စွပ်တောင် ချောင်သွားလို့ လက်စွပ်အသစ်မှာပြီး လက်ထပ်လက်စွပ်ပြုတ်မကျရအောင် တွဲဖက်ဝတ်ဆင်ထားရတယ်လို့ သိရပါတယ်။
ချစ်ပရိသတ်များ အတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။