” အိမ်ထောင်ပြုပြီးထဲက(၂)နှစ်အကြာ မှာကိုယ်ပိုင်ဝင်ငွေနဲ့ ပထမဆုံး ဝယ်ဖြစ်ခဲ့တဲ့ ရတနာလေးကို ထုတ်ကြွားလိုက်တဲ့ အေးငြိမ်းဆွေ”

Posted on

ပရိသတ်ကြီးရေ အေးငြိမ်းဆွေကတော့ အလှအပရေးရာဆိုင်ရာတွေကိုသူမရဲ့ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ရှိတဲ့သူပဲ ဖြစ်ပါတယ်။ သူမကတော့ ပြောစရာရှိရင် မှန်ရာကို ရဲရဲဝံ့ဝံ့နဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်သူလေးပါနော်။။ လူကလည်း အပြစ်ပြောရက်စရာမရှိအောင်လှပတဲ့အပြင် စိတ်ထားလေးလည်းကောင်းမွန်လှတဲ့အေးငြိမ်းဆွေကတော့ အိမ်ထောင်ရေးမှာလည်း ပျိုမေတိုင်းအားကျရတဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူပါ။

ရည်းစားသက်တမ်းအချိန်တိုတွင်းမှာ လက်ထပ်ခဲ့ကြပေမယ့် အခုလို အိမ်ထောင်သက်တမ်းကြာလာတဲ့အချိန်ထိ အလိုလိုက်ခံရကာ အပူအပင်မရှိတဲ့ အိမ်ထောင်ရှင်မဘဝလေးကိုရရှိနေသူလို့ဆိုရမှာပါ။ဒီနေ့မှာတော့ “I Colour , 2.03 ကလပ်, 2.233 ရတီ ဒါအကြွားပို့စ် ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ပါဘူး 😁
ယောကျာ်းရပြီး အလိုလိုက်သောယောကျာ်းကြောင့် comfort zone မှာ ပျော်မွေ့ရင်း ကိုယ်ပိုင်အလုပ်နဲ့ဘဝ၊ ကိုယ်ပိုင်ဝင်ငွေဟာ ပျောက်ချင်းမလှပျောက်ဆုံးခဲ့ပြီးအခု ၂နှစ်နီးပါးအကြာမှာမှ ပထမဆုံးအကြိမ် ကိုယ်ပိုင်သမ္မာအာဇီဝဝင်ငွေနဲ့ ပြန်ပြီးဝယ်နိုင်ခဲ့တဲ့ ရတနာ 😇(ယောကျာ်းက တကယ့်ကို ပိစိလေးပဲ စိုက်ပေးရတယ် 😬)ဆက်ပြီးအလုပ်တွေလုပ်ဖို့ အင်အားတွေအများကြီးရှိသွားပါပြီ 🥳ဘာလေးလုပ်လုပ်ချစ်ပေးကြတဲ့လူတွေရယ်၊ ယုံကြည်ပြီး အလုပ်အပ်နှံပေးကြသူတွေရယ် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ”ဆိုတဲ့စာလေးနဲ့ကြည်နူးဖွယ်ပြောပြခဲ့တာပါ။

တကယ့်ကို အပျော်တွေကူးစက်စေပါတယ်နော်ပရိသတ်ကြီးရေ။ အေးငြိမ်းဆွေလို ခင်ပွန်းဖြစ်သူက မျက်နှာအညိုးမခံရလောက်အောင် ဂရုစိုက်ခံရတဲ့အိမ်ထောင်သည်တွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: AyeNyeinSwe

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.