အိမ်ထောင်ရေး အဆင်မပြေတဲ့အကြောင်းကို ပြောရင်းမျက်ရည်ကျခဲ့ရတဲ့ Song Hye Kyo

Posted on

Song Hye Kyo ရဲ့ အသိုင်းအ၀ိုင်းထဲက အတွင်းသိတစ်ယောက်ရဲ့ ပြောပြချက်အရ Song Hye Kyo ဟာ သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြရင်း မျက်ရည်ကျခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအတောတွင်းမှာလည်း သူမဟာ စိတ်ဖိစီးမှုတွေကြောင့် ကိုယ်အလေးချိန်လည်း အတော်လေးကို ကျဆင်းသွားတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

Newsen ရဲ့ သတင်းထုတ်ပြန်အရကတော့ Song Hye Kyo ဟာ နှစ်အစပိုင်းလောက်ကတည်းက စိတ်ဖိစီးမှုတွေကိုရရှိနေခဲ့တာဖြစ်ပြီး ကိုယ်အလေးချိန်လည်း ၅ ကီလိုဂရမ် (၁၁ ပေါင်) ကျသွားတယ်လို့ အဆိုပါအတွင်းသိက ထုတ်ပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ်အလေးချိန်ကျသွားတဲ့အပြင် မျက်နှာကလည်းမကောင်းဖြစ်နေခဲ့တာကြောင့် သူမရဲ့ ကျန်းမာရေးအတွက်က စိတ်ပူစရာပါ။ သူမက နဂိုကတည်းက စကားနည်းတဲ့သူဖြစ်ပြီး ဘာတွေတွေးနေတယ်ဆိုတာကိုလည်း ထုတ်မပြောတတ်ဘူးဆိုပေမယ့် သူမရဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့အကြောင်းကို ပြောရင်းနဲ့တော့ ငိုကြွေးခဲ့ပါတယ်။ သူမကို ဒီလိုမျိုးမြင်ရတာ တကယ်ကို စိတ်မကောင်းစရာပါပဲ” လို့ အတွင်းသိက ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ ကိုယ်အလေးချိန်ကျဆင်းသွားတာကြောင့် လက်ချောင်းတွေကလည်း ပိုမိုသွယ်လျသွားခဲ့ပြီး ဒီလိုမျိုး လက်ချောင်းတွေသွယ်လျသွားခဲ့တဲ့အတွက် လက်ထပ်လက်စွပ်ဝတ်ဖို့ကလည်း အဆင်မပြေဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

လက်ချောင်းတွေက သေးသွယ်သွားတာကြောင့် လက်ထပ်လက်စွပ်က ၀တ်ထားရင်းနဲ့ ကျွတ်ကျခဲ့ဖူးတာဖြစ်ပြီး ဒါကိုဖြေရှင်းဖို့အတွက်လည်း လက်ထပ်လက်စွပ်မကျွတ်ကျအောင် နောက်ထပ်လက်စွပ်အသေးတစ်ကွင်းကိုဝတ်ဖို့အတွက် ရှာဖွေခဲ့ပေမယ့်လည်း အခုဆိုရင် လက်စွပ်ကိုဝတ်ဖို့အတွက်က မဖြစ်နိုင်တော့ပါဘူး။

လက်ထပ်လက်စွပ်မ၀တ်တာနဲ့ ပတ်သတ်ပြီးဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေအတွက်လည်း နောက်ထပ်အတွင်းသိတစ်ယောက်က အခုလိုမျိုးပဲ ပြောပြခဲ့ပါတယ်။ “၂၀၁၈ ခုနှစ် နွေရာသီအချိန်လောက်တုန်းက Song Joong Ki လက်ထပ်လက်စွပ်ဝတ်ထားတဲ့ ပုံတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်တုန်းက ပွဲတက်လာတဲ့ Song Joong Ki ရဲ့ ပုံတွေကို ကြည့်လိုက်ရင်တော့ သူလည်း လက်ထပ်လက်စွပ်မ၀တ်ထားဘူးဆိုတာကို မင်းတို့မြင်မှာပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Song Joong Ki ဟာ သူတို့ဇနီးမောင်နှံ ကွာရှင်းတော့မယ်ဆိုတာကို ဒီနေ့မနက်ပိုင်းမှာ ကြေညာခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ Song Hye Kyo ဘက်ကလည်း ဟုတ်မှန်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။

Ref : Koreaboo
Mia

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.