“အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် ပြောမထွက်ခဲ့တဲ့စကားတွေကြောင့် သူများနင်းချေခံခဲ့ရကြောင်း ရင်ဖွင့်ပေါက်ကွဲလိုက်တဲ့ ချောရတနာ”

Posted on




Source: Chaw Yadanar’

unicode

ပရိသတ်ကြီးရေ ချောရတနာလို့ပြောလိုက်တာနဲ့ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဆိုတာ ပြောစရယမလိုလောက်အောင်ပါပဲနော်။ ဒါ့အပြင် ဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီဆုထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးပါ။

အိမ်ထောင်ကျပြီးနောက်မှာ အနုပညာခြေလှမ်းတွေကြဲသွားပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ TikTokလေးတွေဆော့ကာ ပရိသတ်တွေနဲ့ အဆက်မပြတ်ဘဲရှိနေတာပါ။ချစ်စရာကောင်းတဲ့သားနဲ့သမီးကိုပိုင်ဆိုင်ထားကာ ပရိသတ်တွေကလည်း သားနဲ့သမီးကို ချစ်ခင်အားပေးလျက်ရှိတာပါ။

ဒီနေ့မှာတော့ ချောတစ်ယောက် ” relationship တစ်ခု ခိုင်မာချင်လို့ တချို့ ပြောမထွက်ခဲ့တဲ့စကားတွေက သူတို့နင်းချေဖို့ ဖြစ်သွားလားကွယ်”ဆိုတဲ့ ရင်ဖွင့်စကားသံကြောင့် အိမ်ထောင်ရေးအဆင်မပြေဘူးလားဆိုတဲ့မှတ်ချက်တွေပေးနေကြတာပါ။ ချောတစ်ယောက် အမြန်ဆုံးအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chaw Yadanar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.