အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲမှာ သရဖူဆုအပါအဝင် ဆု(၃)ခုတိတိ ဆွတ်ခူးရရှိခဲ့တဲ့ မေသန်းနုရဲ့ညီမ အိဖြူထွေး


 

 

 

 

 

 


 

 

 

 

 


 

 

 

 

 

unicode

“Mrs. Myanmar 2019” အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲကြီးကိုတော့ ပြီးခဲ့တဲ့ ဇွန်လ (၄) ရက်နေ့က “Taw Win Garden Hotel (Grand Ballroom)” မှာကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ (၇) ကြိမ်မြောက် ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးမှာတော့ အိမ်ထောင်သည် အမျိုးသမီးတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အရည်အချင်းရှိတဲ့ အလှမယ်တွေကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ မေသန်းနုရဲ့ညီမဖြစ်သူ အိဖြူထွေးကလည်း ဒီပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Miss အိဖြူထွေးကတော့ ရုပ်ရှင်သရုပ်ဆောင် မေသန်းနုနဲ့ အသက် (၁၀) နှစ်တိတိကွာတဲ့ ညီမလေးဖြစ်တယ်လို့ သိရပါတယ်။ အစ်မဖြစ်သူလိုပဲ ရုပ်ရည်ချောမောပြေပြစ်ပြီး Body အချိုးအစားလှပလွန်းတဲ့ အိဖြူထွေးက သရဖူဆုအပါအဝင် ဆု (၃) ဆုတိတိ ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတဲ့ အိဖြူထွေးက အိမ်ထောင်ရှင်အလှမယ် (၂၀၁၉) သရဖူဆုရဲ့ပိုင်ရှင်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အလှမယ် အိဖြူထွေးအနေနဲ့ ရရှိခဲ့တဲ့ ဆုတွေကတော့ အိမ်ထောင်ရှင်အလှမယ် (၂၀၁၉) သရဖူဆု၊ The People Choice Award ဆု၊ The Best Complexion Award ဆုတို့ပဲ ဖြစ်ပါတယ်။ ညီမဖြစ်သူရဲ့ပွဲကိုလည်း သရုပ်ဆောင် မေသန်းနုက သူမကိုယ်တိုင် တက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် (၇) ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ “Mrs. Myanmar 2019” အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲမှာ ဆု(၃)ဆုရရှိခဲ့တဲ့ မေသန်းနုရဲ့ညီမ အိဖြူထွေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.