“အိမ်ရှင်းရင်း ထွက်လာတဲ့ ပိုက်ဆံလေးနဲ့ ဒလမြို့မှာ Quarantine ဝင်နေသူ လူနာ အယောက်(၈၀)စာအတွက် ရေသန့်ဘူးများနဲ့ ကြက်အာပူထမင်းဘူးများလှူဒါန်းခဲ့တဲ့ နှိုင်းရှင်မြင့်မိုရ်”

Posted on

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ နှိုင်းရှင်မြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်တိုင်းအတွက် အကောင်းဆုံး ပြင်ဆင် သရုပ်ဆောင်နိုင်သူ ဇာတ်ပို့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်ဖြစ်သူ ကိုဘင်းနဲ့ အိမ်ထောင်ကျကာ သားလေးတစ်ဦးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ.။

နှုတ်ချို အပြောချိုပြီး အလုပ်လုပ်ရာမှာလည်း စေ့စပ်သူ နှိုင်းရှင်ကတော့ Online ပေါ်မှာ live လွှင့်ဈေးရောင်းရာမှာလည်း တော်သူတစ်ဦးပါ.။ ဒီနေ့ စက်တင်ဘာလ (၂၄)ရက်နေ့မှာတော့ နှိုင်းရှင်က သူမတို့ကိုယ်တိုင်လည်း မရှိ မရှားပေမယ့် လှူခဲ့တဲ့ ကောင်းမှုကုသိုလ် အလှူလေးတစ်ခုကို “ဒီအချိန်မှာ ကိုယ်ရှိတဲ့ထဲက တကယ်လိုအပ်နေသူများ အတွက် လှူခွင့်ရနေတာကိုပဲဝမ်းသာလှပါပြီ…။

မနက်က အိမ်ရှင်းရင်းထွက်လာတဲ့ပိုက်ဆံလေးတွေထဲက ဒလမြို့ ကိုဗစ်ခံစားနေရသော လူနာ (80)စာ ရေသန့်နဲ့ ထမင်းဗူးတွေကို လင်းသာသူ အမစီစဉ်မှုနဲ့ လှူဒါန်းပေးခဲ့ပါသည်..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ပရိသတ်ကြီးလည်း ကိုဘင်းနဲ့ နှိုင်းရှင်မြင့်မိုရ်တို့မိသားစုရဲ့ အလှူလေးအတွက် သာဓု ခေါ်ဆိုသွားကြပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Nhying Shin’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.