
Posted on




 


 

May(cctv)

 


ယူနီကုဒ်ဖြင့်ဖတ်ရန်
အိမ်မှာ‌နေတုန်း စီးပွားရေးတစ်ခုလုပ်ဖို့ စိတ်ကူးနေတဲ့ မြတ်ကေသီအောင် …

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့သလို ယနေ့ချိန်ထိလဲ ရုပ်ရှင်ကားကြီးတွေများစွာ ရိုက်ကူးနေရဆဲဖြစ်ပြီး ယနေ့ချိန်ထိလဲ နုပျိုလှပခြင်းကို ပိုင်ဆိုင်ထားပါတယ်။ သူမက အနုပညာလုပ်ငန်းတွေသာမက စီးပွားရေးလုပ်ငန်းအဖြစ် စားသောက်ဆိုင်တစ်ဆိုင်လဲ ဖြစ်လှစ်ထားပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အနုပညာအလုပ်တွေလဲ ရပ်နားထားရသလို ဆိုင်လဲ ပိတ်ထားတာကြောင့် သူမက အိမ်ကနေ မုန့်တွေလုပ်ရောင်းဖို့ စဉ်းစားနေပါတယ် ။ သူကတော့ ဆိုင်ဖွင့်ထား တဲ့အတွက် မုန့်လုပ်နည်းမျိုးစုံကိုလဲ သင်ယူလေ့လာထားတ်လို့လဲ သိရပါတယ်။

သူပြောခဲ့တာကတော့ ” အိမ်ထဲမှာပဲနေကြရမယ်ဆိုတော့ အားနေတဲ့အချိန်တွေ အကြိုးရှိအောင် ချိစ်ကိတ်, ကန်ဇွန်းဥ ကျောက်ကြော, ဌက်ပျော်ဆနွင်းမကင်း.ကြက်ကောက်ညှင်း,ရွှေကြည်ဆနွင်းမကင်း. အာလူးဆနွင်းမကင်း, ကြက်သားဟင်းထုတ်,ကင်မ်ချီ လုပ်ရောင်းရင်ကောင်းမလားလို့စ်…..မှာမယ်လည်းမထင်ပါဘူး🤣🤣” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မြတ်ကေသီအောင်ကိုချစ်တဲ့ ပရိသတ်ကြီးရေ သူလုပ်တဲ့ မုန့်လေးတွေကို ဝယ်ယူအားပေးကြမှာလား ဆိုတာပြောခဲ့ကြအုံးနော် ။ ဒါနဲ့ ပရိသတ်ကြီးက အပြင်မထွက်ဘဲ အိမ်ထဲမှာဘဲ နေကြပါအုံးလို့ ။

May(cctv)

Source – myat kaythi aung’sfb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.