သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားပြီး နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ သူပဲ ဖြစ်ပါတယ် ။ နန်းမြတ်က ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်လည်း အနုပညာကို ရူးသွပ်သူမို့ တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ကာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ နန်းမြတ်က သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမကပဲ အဆိုတော်လည်း ဖြစ်ပါတယ် ။
နန်းမြတ်က အိမ်ထောင်ပြုပြီးသည့်အချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပြီး သားသားလေး ဂျက်ဂျက်ကိုလည်း ရင်နဲ့မကွာပြုစုပျိုးထောင်နေတာပါ။ နန်းမြတ်က ပထမမြောက်သားသားလေး ဂျက်ဂျက်ကို မွေးဖွားထားရုံသာမကပဲ နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရတာပါနော်။ တစ်သားမွေးတစ်သွေးလှဆိုသလို လှရက်လွန်းတဲ့ နန်းမြတ်ကို မိန်းကလေးအချင်းချင်းကပါ အားကျရတာလည်း ဖြစ်ပါတယ်။
နန်းမြတ်က သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးကြတာဖြစ်လို့ ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ” ဂျက်တို့သားအဖရဲ့haircut day Jack ရဲ့ပင်တိုင် hair stylistကိုလင်း ” ဆိုတဲ့ စာသားလေးနဲ့ အတူ သားအဖနှစ်ယောက် ဆံပင်ညှပ်နေတဲ့ ပုံလေးကို တင်ပေးလာတာဖြစ်လို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
source : myanmar load
zawgyi
source : myanmar load