အိမ်မှာနေတဲ့ပရိသတ်တွေအတွက် ကိုယ်ခံအားကောင်းစေမယ့် အားကစားလေးတွေကို လှုပ်ရှားဖို့ တိုက်တွန်းလိုက်တဲ့အေးမြတ်သူ

Posted on

ပါးချိုင့်လေးနဲ့ ချစ်ဖို့ကောင်းလွန်းနေတဲ့ အကယ်ဒမီအေးမြတ်သူကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ အေးမြတ်သူကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် ပျော်ပျော်နေတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ အေးမြတ်သူကတော့ online saleရောင်းရင်းနဲ့ ပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ သူမရဲ့ အားလပ်ချိန်တိုင်းကို ချစ်ရတဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ အေးမြတ်သူက”Stay At Home ဆိုတော့ အိမ်မှာ သာသာယာယာလေးနဲ့ ကြည်နူးစရာလေးတွေ ဖန်တီးမယ်။အိမ်မှာ နေရင်း အာဟာရရှိတာတွေစား ကိုယ်လက်လှုပ်ရှားအားကစားလေးတွေလုပ်ကြမယ်နော် ချစ်ရသူတို့ရေ”လို့ဆိုပြီး ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရင်းနဲ့ ကြည်နူးစရာနေ့ရက်လေးတွေကို ဖြတ်သန်းဖို့ တိုက်တွန်းလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

အေးမြတ်သူရဲ့ တိုက်တွန်းချက်လေးတွေကို ပရိသတ်တွေလည်း လိုက်နာကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source…Aye Myat Thu’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.