





ယူနီကုဒ်ဖြင့်ဖတ်ရန်
“အိမ်မှာနေတာဘာမှမစားချင်ဘဲ ကိုယ်ခံအားနည်းလာတယ်” ဆိုတဲ့စံရတီမိုးမြင့် ….

မြန်မာနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ စံရတီမိုးမြင့်ကိုတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ စံရတီလေးကတော့ ပွင့်လင်းစွာပြောတတ်လွန်းပြီ သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့မင်းသမီးဆိုလည်းမမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ တိရိစ္ဆာန်လေးတွေကိုချစ်တတ်တာကြောင့် တိရိစ္ဆာန်ပုံလေးတွေနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၅)ရက်နေ့မှာ စံရတီမိုးမြင့်က”သူများတွေ stay at home က အစားတွေစားသောက်ပြီး ဝလာကြ ကိုယ်ခံအားကောင်းလာကြတယ်..ကိုယ့် stay at home ကဘာမှမစားချင် တဖြည်းဖြည်းအားနည်းလာတယ်.. ဒါတောင်Boxing ထိုးဖို့စဉ်းစားနေသေး.. စားချင်တာရယ်လို့လဲမရှိ.” ဆိုကာ သူမရဲ့အိမ်မှာနေရင်ဖြစ်နေတဲ့ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့အိမ်မှာနေရင်ဘာမှမစားချင်လို့ အားနည်းလာတယ်ဆိုတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

CeleConnectionsပရိသတ်တွေအတွက် စံရတီမိုးမြင့်လေးကတော့သူများနဲ့မတူတဲ့အကြောင်းလေးကိုပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း စံရတီမိုးမြင့်လေးအတွက် အားတက်စေမယ့်အရာလေးတွေရေးပေးခဲ့ကြပါနော်။

Soure….San Yati Moe Myint’s Facebook

Angella(CeleConnections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.