အိမ္မွာမေနနိုင္ပဲ ေန႔စဥ္အခ်ိန္အမွ် ဘ၀ကူးသြားသည့္သူေတြအတြက္ အလုပ္လုပ္ေနရေသးတဲ့ ပရဟိတသမားေတြအေၾကာင္း ေျပာျပလာတဲ့ ေက်ာ္သူ

နာေရးကူညီမႈအသင္း(ရန္ကုန္) ရဲ့ ဥကၠဌတစ္ေယာက္ျဖစ္တဲ့ ေက်ာ္သူက အခုလက္ရိွျဖစ္ပြားေနတဲ့ Covid – 19 ေရာဂါေၾကာင့္ အိမ္မွာ ေအးေအးေဆးေဆး အနားမယူနိုင္ေသးရွာပါဘူး။ ေရာဂါေတြ ကူးစက္ပ်ံ့နွံ့ေနေပမယ့္ ေန႔စဥ္အခ်ိန္အမွ် ဘ၀ကူးသြားသည့္သူေတြရဲ့ ေနာက္ဆံုးခရီးကို အဆင္ေျပေခ်ာေမြ့ေစဖို့အတြက္ ကူညီေဆာင္ရြက္ေပးေနရေၾကာင္းကို ေက်ာ္သူကေျပာျပထားပါတယ္။

 

 

“Covid 19 ကူးဆက္ေရာဂါေၾကာင့္ Stay at Home ဟု မိမိေနအိမ္တြင္သာေနထိုင္ၾကရန္ လႈံ႕ေဆာ္ၾကေသာ္လည္း မိမိတို႔၏ နာေရးကူညီမႈအသင္း(ရန္ကုန္) အေနျဖင့္ ေနအိမ္တြင္ေအးေဆးသက္သာစြာေနထိုင္ ေနလို႔ မျဖစ္ေပ။ ေန႔စဥ္ အခ်ိန္အမွ် ဘ၀ကူးသြားသည့္သူမ်ားအတြက္(အခမဲ့) နာေရးကူညီမႈတည္းဟူေသာ အသင္ႀကီး၏လုပ္ငန္းစဥ္အား စဥ္ဆက္မျပတ္ကူညီေဖးမေပးေနရဦးမည္ျဖစ္သည္။”

 

 

 

“ယခုလို အခမဲ့ နာေရးကူညီမႈလုပ္ငန္းအား နာဂစ္ကာလ၊ သံဃာ့အေရးအခင္းကာလအပါအဝင္ သဘာ၀ေဘး၊စစ္ေဘး၊ငလ်င္ေဘး၊လူမ်ိဳးေရးပဋိပကၡကာလမ်ားတြင္လည္းေကာင္း၊ ေန႔ႀကီးရက္ျမတ္အပါအပါအဝင္ မဟာသၾကၤန္ကာလ အမ်ားျပည္သူလူထုအားလုံးေပ်ာ္ပါးေနစဥ္ အခ်ိန္ကာလမ်ားတြင္လည္း ပိတ္ရက္မရွိ အမ်ားျပည္သူတို႔ အတြက္နာေရး၊က်န္းမာေရး၊ပညာေရး မွအစ ကူညီေပးေနရေသာ အဖြဲ႕လည္းျဖစ္သည္။” ဆိုျပီး ေျပာထားပါတယ္။

 

 

ေက်ာ္သူတို့လို ပရဟိတသမားေတြအဖို့ နားရက္ဆိုတာလည္းမရိွ၊ ကိုယ့္အတြက္ဆိုတာလည္းမရိွပဲ ေန့ေရာညေရာ အမ်ားအက်ိဳးသယ္ပိုးေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေက်ာ္သူရဲ့အျဖစ္ကိုၾကည့္ျပီး ပရဟိတသမားေတြရဲ့ဘဝကို စာနာ နားလည္နိုင္ၾကမယ္ ထင္ပါတယ္ေနာ္။

 

 

Source: Kyaw Thu’s fb

ယူနီကုဒ္ျဖင့္ဖတ္ရန္

နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်တဲ့ ကျော်သူက အခုလက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါကြောင့် အိမ်မှာ အေးအေးဆေးဆေး အနားမယူနိုင်သေးရှာပါဘူး။ ရောဂါတွေ ကူးစက်ပျံ့နှံ့နေပေမယ့် နေ့စဉ်အချိန်အမျှ ဘဝကူးသွားသည့်သူတွေရဲ့ နောက်ဆုံးခရီးကို အဆင်ပြေချောမွေ့စေဖို့အတွက် ကူညီဆောင်ရွက်ပေးနေရကြောင်းကို ကျော်သူကပြောပြထားပါတယ်။

“Covid 19 ကူးဆက်ရောဂါကြောင့် Stay at Home ဟု မိမိနေအိမ်တွင်သာနေထိုင်ကြရန် လှုံ့ဆော်ကြသော်လည်း မိမိတို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နေအိမ်တွင်အေးဆေးသက်သာစွာနေထိုင် နေလို့ မဖြစ်ပေ။ နေ့စဉ် အချိန်အမျှ ဘဝကူးသွားသည့်သူများအတွက်(အခမဲ့) နာရေးကူညီမှုတည်းဟူသော အသင်ကြီး၏လုပ်ငန်းစဉ်အား စဉ်ဆက်မပြတ်ကူညီဖေးမပေးနေရဦးမည်ဖြစ်သည်။”

“ယခုလို အခမဲ့ နာရေးကူညီမှုလုပ်ငန်းအား နာဂစ်ကာလ၊ သံဃာ့အရေးအခင်းကာလအပါအဝင် သဘာဝဘေး၊စစ်ဘေး၊ငလျင်ဘေး၊လူမျိုးရေးပဋိပက္ခကာလများတွင်လည်းကောင်း၊ နေ့ကြီးရက်မြတ်အပါအပါအဝင် မဟာသင်္ကြန်ကာလ အများပြည်သူလူထုအားလုံးပျော်ပါးနေစဉ် အချိန်ကာလများတွင်လည်း ပိတ်ရက်မရှိ အများပြည်သူတို့ အတွက်နာရေး၊ကျန်းမာရေး၊ပညာရေး မှအစ ကူညီပေးနေရသော အဖွဲ့လည်းဖြစ်သည်။” ဆိုပြီး ပြောထားပါတယ်။

ကျော်သူတို့လို ပရဟိတသမားတွေအဖို့ နားရက်ဆိုတာလည်းမရှိ၊ ကိုယ့်အတွက်ဆိုတာလည်းမရှိပဲ နေ့ရောညရော အများအကျိုးသယ်ပိုးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်သူရဲ့အဖြစ်ကိုကြည့်ပြီး ပရဟိတသမားတွေရဲ့ဘဝကို စာနာ နားလည်နိုင်ကြမယ် ထင်ပါတယ်နော်။

Source: Kyaw Thu’s fb

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.