အိမ်ထဲမှာနေရတာများလို့ အရင်လို ခရီးတွေပြန်သွားချင်နေပြီဆိုတဲ့ မြတ်ရတနာကျော်

Posted on


 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်စရာကောင်းတဲ့ မိန်းမချောလေး မြတ်ရတနာကျော်ကတော့ အနေအေးပြီး မိန်းကလေးဆန်ဆန်လှသူလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေရဲ့ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မြတ်ရတနာကျော်က အဆိုတောင် Ah Boy နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေး Scarlett ဖြိုးထွန်းကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ကလေးမေမေတစ်ယောက်ဖြစ်ပြီး လက်ရှိအိမ်တွင်းအောင်းနေရတဲ့ မြတ်ရတနာကျော်က သူမရဲ့မွေးရပ်မြေတောင်ကြီးမြို့ကို သတိရနေကြောင်း အခုလိုပဲ ပြောထားပါတယ်။

မြတ်ရတနာကျော်က “ခရီးတွေ ပြန် သွားချင်တယ်။ အသွားချင်ဆုံးကတော့ မွေးရပ်မြေ တောင်ကြီးပဲ။ ပြီးရင် အစားအသောက်တွေ ပတ်စား ပြီးတော့ မြို့အနှံ့လျှောက်လည်မယ် ♥️” ဆိုပြီး သူမရဲ့ ခရီးသွား အမှတ်တရပုံရိပ်လေးတွေကို အခုလိုပဲ မျှဝေထားပါတယ်။

မြတ်ရတနာကျော်ကတော့ ကလေးမေမေဖြစ်သွားတာတောင် အပျိုတွေ ရှုံအောင်ကိုလှတယ်နော်။ ပရိသတ်ကြီးလည်း မြတ်ရတနာကျော်ရဲ့ ခရီးသွားပုံရိပ်တွေကိုကြည့်ပြီး ခရီးသွားချင်စိတ်တွေ ဖြစ်လာပြီ ထင်ပါတယ်။

Source: Myat Yadanar Kyaw’s fb

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.