ပရိသတ် ကြီးရေ မင်းသမီးချော ပိုးအိအိခန့် နဲ့ ဘောလုံးအားကစားသမား အောင်သူတို့ကတော့ တူနှစ်ကိုယ်မေတ္တာမျှပြီး နှစ်ယောက်တစ်ဘဝလေးကို တည်ဆောင် လိုက်ကြတာပဲဖြစ်ပါတယ်နော်။ ပိုးအိအိခန့် နဲ့ အောင်သူတို့ ဇနီးမောင်နှံကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပြီး သူတို့ဇနီးမောင်နှံရဲ့ ချစ်ခရီးလမ်းလေးကို အားကျနေကြတာပဲဖြစ်ပါတယ်။
ပိုးအိအိခန့်နဲ့ အောင်သူတို့ ဇနီးမောင်နှံက ဇူလိုင်၁၉ရက်နေ့ အာဇာနည်နေ့မှာပဲ သားဦးလေးကို မွေးဖွားလိုက်တာဖြစ်ပါတယ်။ပိုးအိအိခန့်ကတော့ ခင်ပွန်းနဲ့တူတဲ့ ချစ်စရာသားလေးတစ်ယောက်ကို မွေးဖွားပေးလိုက်လို့ အရမ်းပျော်ရွှင်နေရပြီး အခုဆိုရင်တော့ မိသားစုသုံးယောက်စိုစိုပြေပြေဖြစ်သွားပါပြီနော်။အောင်သူကလည်း သားလေးကို လက်ကမချဘဲ တစ်ချိန်လုံးမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ အရမ်းချစ်နေတာဖြစ်ပါတယ်နော်။
သားဦးလေးကလည်း ဖေဖေအောင်သူရဲ့ မျက်နှာပေါက်လေးအတိုင်း အရမ်းချစ်စရာကောင်းပြီး ချစ်မွှေးပါတဲ့ ကလေးလေးပါနော်။အခုဆိုရင်တော့ ဖေဖေ အောင်သူက သားလေးအိပ်နေတဲ့ ချစ်စရာပုံလေးကို မှတ်တမ်းတင်ထားပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလောတာဖြစ်ပါတယ်။ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ မိသားစုဘဝလေးကတော့ သာယာစိုပြေပြီး အရမ်းကြည်နူးဖို့ကောင်းပါတယ်နော်။
Source:Aung Thu
ခရက်ဒစ် Shwelikes