အားပေးကြမ်းတဲ့ ပရိသတ်များကြောင့် လက်မှာ လက်သည်းခြစ်ရာ ထင်းသွားခဲ့တဲ့ စိုင်းစိုင်း

မိန်းကလေးပရိသတ်ထုကြီးရဲ့ ၀က်ဝက်ကွဲအားပေးမှုများကို အခိုင်အမာ ရရှိထားတဲ့ စိုင်းစိုင်းဟာ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရဲ့ ပွဲလေးကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးက မိန်းကလေးပရိသတ်များက သူတို့ချစ်တဲ့ အိုင်ဒေါကြီး လာတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ကြပြီး အတင်းကာရော အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo : Sai Sai Kham Leng

များစွာသော ပရိသတ်များရဲ့ အားပေးကြမ်းမှုကြောင့် စိုင်းစိုင်းရဲ့ လက်မှာ လက်သည်းခြစ်ရာ ထင်ခဲ့ပြီး ပွန်းသွားခဲ့ပါတယ်။ စိုင်းစိုင်းက “ဒီနေ့ အမှတ်တရ လက်သည်းရှင် အမြန်ဆက်သွယ်ပါ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပြီးနောက် စိုင်းစိုင်းတင်တဲ့ ပို့စ်အောက်မှာ အနယ်နယ်အရပ်ရပ်က ပရိသတ်များရဲ့ တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးသံများဖြင့် ဆူညံသွားခဲ့ပါတယ်။

Photo : Sai Sai Kham Leng

Photo : Sai Sai Kham Leng

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အသက် (၄၀) ပြည့် Birthday Show ပွဲကြီးကို ဧပြီလ (၁၀) ရက်နေ့က သုဝဏ္ဏဘူမိ Event Park မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့ပွဲကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တာ အခုဆိုရင် (၁၅) နှစ်တောင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ စိုင်းစိုင်းဟာ ဂီတအပိုင်းမှာသာမက သရုပ်ဆောင်အပိုင်းမှာပါ အောင်မြင်မှု များစွာ ရရှိထားတာ ဖြစ်ပါတယ်။ စီးပွားရေး အနေနဲ့ Frenzo Production ကို ဦးဆောင်လုပ်ကိုင်နေခဲ့ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo : Sai Sai Kham Leng

Source : Sai Sai Kham Leng FB

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.