“အားလုံးတက်ကြငါ့ထော်လာဂျီ” ဆိုတဲ့ စာသား စတင်ဖြစ်တည်လာပုံကို ရှင်းပြလာတဲ့ စိုင်းစိုင်း

Posted on

ဂီတဘုရင်လို့ ပရိသတ်အများစု ထင်ကြေးပေးကြတဲ့ စိုင်းစိုင်းက ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ဂီတလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ တေးသီချင်းဟောင်းများကလည်း ယနေ့တိုင် အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။

Photo : Sai Sai Kham Leng

တစ်ခေတ်တစ်ခါက လူကြီးလူငယ်ကလေးမရွေး လူတိုင်းရဲ့နှုတ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စိုင်းစိုင်းရဲ့ “အားလုံးတက်ကြငါ့ထော်လာဂျီ” ဆိုတဲ့ သီချင်းဟာ ယနေ့တိုင် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသီချင်းလေး ဘယ်လိုစတင်ဖြစ်ပေါ်လာလည်း ဆိုတာကတော့ စိုင်းစိုင်းက နှစ်ပေါင်းများစွာကြာမှ အခုလို ရှင်းပြလာခဲ့ပါတယ်။

Photo : Sai Sai Kham Leng

စိုင်းစိုင်းက “ခြောက်တန်း ခုနှစ်တန်းလောက်က (ခုနှစ်တန်းဖြေပြီးတဲ့ နွေရာသီထင်တယ် ) ကားအရမ်းမောင်းချင်တော့ ဖိုးဖိုးက ထော်လာဂျီမောင်းတတ်မှ ကားပေးမောင်းမယ်ဆိုလို့ ဒါကြီးအရင်မောင်းဖို့ကြိုးစားရတယ် အဲဒီတုန်းက စတီယာရင် အဝိုင်းနဲ့ ထော်လာဂျီတွေ ပင်လုံမှာ မရှိသေးတာလား ကျနော်ပဲ မမှတ်မိတာလား တောလမ်းတွေမှာဆို ဂလုပ်ဂလုပ်နဲ့ လူမလွင့်သွားအောင် လက်ကိုင်ကို အသေဖိထားရသေးတယ် သိတယ်မလား လူကောင်ကလည်း ပိန်ရှည်ရှည်နဲ့ သေးသေးလေး တော်တော်ကိုပြိုင်းတာပါဗျာ ဂီယာတံက အလယ်မှာ ဆွဲပြီးချိန်းရတယ် စက်နှိုးတာတော့ မနှိုးနိုင်ဘူး အကိုကြီးတွေနှိုးပေးပေါ့ ပင်လုံနဲ့ လွိုင်လင်ကြားက ဟိုခိုက်လောက်အထိမောင်းနိုင်တော့မှ ကားစမောင်းခွင့်ရတယ် အားလုံးတက်ကြငါ့ထော်လာဂျီဆိုတဲ့ စာသား အဲ့ဒီကလာတာပဲ ( ဓာတ်ပုံက အင်တာနက်ကရှာထားတာပါ )” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဇူလိုင်လ (၂၁) ရက်နေ့ ည (၁၁) နာရီက ရေးသားခဲ့ပါတယ်။

Photo : Sai Sai Kham Leng

စိုင်းစိုင်းဟာ ပြည်သူပရိသတ်များနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်သလို ရွှန်းနောက်နောက် စတတ်ပြောင်တတ်တာကြောင့် ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော .. စိုင်းစိုင်းရဲ့ “အားလုံးတက်ကြငါ့ထော်လာဂျီ” သီချင်းလေးကို ရသေးလား။

Photo : Sai Sai Kham Leng

Source : Sai Sai Kham Leng Fb

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.