အာရှနိုင်ငံအတွင်းမှာသာမကပဲ အနောက်နိုင်ငံတွေထိပေါက်ရောက်နေပြီး ဘရာဇီးမော်ဒယ်လ်မလေးရဲ့ မျက်စိကျခံနေရတဲ့ ပိုင်တံခွန်

Posted on

မင်းသားချော ပိုင်တံခွန်ကတော့ ရှည်လျားတဲ့အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင်တည်ကြည်လွန်းတာမို့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ ပရိသတ်ယောက်ချင်းစီတိုင်းကို လေးစားမှုရှိတာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။

အာရှနိုင်ငံက မိန်းကလေးတော်တော်များများ အားပေးကြတဲ့ ပိုင်တံခွန်က အခုဆိုရင် အာရှနိုင်ငံအတွင်းမှာသာမကပဲ အနောက်နိုင်ငံတွေထိ ထိုးဖောက်အောင်မြင်နေတာကို တွေ့ရပါတယ်။ ဘရာဇီးနိုင်ငံက မော်ဒယ်အမျိုးသမီးတစ်ယောက်ကလည်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ အင်စတာဂရမ်စာမျက်နှာတွေကနေတဆင့် ပိုင်တံခွန်ကို အားပေးဝန်းရံနေလျက်ရှိတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ တစ်နေ့တစ်ခြား အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာပြီး အခုဆို အနောက်နိုင်ငံတွေဆီကပါ သတိထားမိခြင်းခံနေရပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးအနေနဲ့လည်း ကိုယ့်နိုင်ငံက မင်းသားချောတစ်ယောက် အခုလို အောင်မြင်နေတာကြည့်ပြီး ဝမ်းသားကြမယ်လို့ ထင်ပါတယ်။

Source: ciala tavares’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.