အာမခံလျှောက်ထားမှု ပယ်ချခံရတဲ့ အစ္စဏီ

Posted on

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရားလို စူးရှထက်က အမှုကို ရုတ်သိမ်းပေးခဲ့လို့ ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။ သို့သော် ယခုတစ်ပတ်ရုံးချိန်းမှာ အာမခံလျှောက်ထားမှုနဲ့ ပတ်သတ်ပြီး တရားရုံးက ပယ်ချလိုက်တဲ့အတွက် အနည်းငယ် ကြန့်ကြာနေကြောင်းကို အစ္စဏီရဲ့ မိခင်နှင့် ရှေ့နေတို့က ခုလိုပြောပြသွားခဲ့ပါတယ်။

ဒီနေ့အန်တီတို့ မိသားစု အာမခံတင်ထားတာနဲ့ပတ်သတ်ပြီး လာခဲ့ကြပါတယ်။ သို့သော်လည်း ရုံးတော်က လျှောက်လွှာကို ဖတ်ရှုပြီး ပယ်ချလိုက်ပါတယ်။ ဘာလို့ဒီလိုပယ်ချတယ်ဆိုတာကိုတော့ မသိရပါဘူး။ အထဲမှာထိုင်တဲ့သူပဲသိမှာ အန်တီတို့က မသိရဘူး။ သိမ့်တော့မကြာတော့ပါဘူး။ သူကတော့ နည်းနည်းစိတ်ဓာတ်ကျသွားတာပေါ့။ ဒါမဲ့လည်း အားတင်းထားဖို့သူ့ကိုပြောရတာပေါ့။ သန်းခေါင်ထက်တော့ ညည့်မနက်တော့ပါဘူး။

ဆက်လက်ပြီး ရှေ့နေရဲ့ ပြောကြားချက်အရ ကျွန်တော်တို့က အာမခံလျှောက်တာမဟုတ်ဘူး။ တင်ပြတာ။ဒါကိုရုံးတော်ကလက်ခံသင့်မသင့် စဉ်းစားဆုံးဖြတ်တာဖြစ်ပါတယ်။ တကယ်ပယ်ချလိုက်တာလားဆိုတော့ မီဒီယာတွေဘယ်လိုကြားလဲမသိဘူး။ ရုံးတော်ကတော့ ဥပဒေနဲ့အညီပဲ လျှောက်ထားတင်ပြမှု ခိုင်လုံမှုသိမ့်မရှိသေးတဲ့အတွက် လက်မခံသေးတာပါ။ ပယ်ချတာမဟုတ်ပါဘူး။ နောက်ထပ်ရုံးချိန်းကတော့ သြဂုတ်လ ၁၆ရက်နေ့ပါ။ အာမခံလက်ခံသေးတာကို ဥပဒေနဲ့ ညီလောက်တဲ့ အမြင်မျိုးတွေ့အောင်ကြိုးစားပြီး ရုံးတော်ကိုထပ်တင်ဖို့ကြိုးစားသွားမှာပါ။ လိုအပ်ချက်ကိုထပ်ဖြည့်ရုံပါ။ ရုတ်သိမ်းလွှာကို သက်ဆိုင်ရာ ဌာနတွေကနေအဆင့်ဆင့်မှတ်ချက်ပြုပြီး ရုံးတော်ကိုတင်ပြမှုကနေ ရုံးတော်က ဖတ်ရှုပြီး ရုတ်သိမ်းခွင့်ပြုမပြုကို ဆုံးဖြတ်မှာပါ။ အဲ့အတွက် ကျွန်တော်တို့ မှတ်ချက်မပြုလိုပါဘူး။ ကျွန်တော်တို့က ဒီအမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးပဲ လုပ်ဆောင်လို့ရမှာပါ။

မီဒီယာတွေလည်းသိတယ်။ အာမခံလျှောက်တယ်ဆိုတာ အကြောင်းမဲ့သက်သက်လျှောက်တာမဟုတ်ဘူး။ ကျွန်တော်ရဲ့လူ ကိုအစ္စဏီ ကျန်းမာရေးအခြေအနေချို့ယွင်းမှုလေးတွေရှိနေပါတယ်။ အဲ့အတွက်ကြောင့်လျှောက်ရခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနကလည်း ဒီအမှုတစ်ခုထဲကို လုပ်နေရတာမဟုတ်ပါဘူး။ သူတို့မှာလည်း တခြားကိစ္စရပ်တွေအများကြီးရှိပါတယ်။ အဲ့အတွက်ကြောင့်ဒီအမှုပြီးဖို့ ကြာမယ်မကြာဘူး မှတ်ချက်ပြုလို့မရပါဘူးလို့ ရှေ့နေကြီးကပြောသွားခဲ့ပါတယ်။

ခရက်ဒစ် : Nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.