အာဏာရှိခဲ့ရင် သက်ငယ်မုဒိန်းကောင်တွေကို ဒီလိုတွေအပြစ်ပေးပြမယ့် မိတ်ကပ်လင်းလင်း

 

ပြည်သူတွေ ချစ်ကြတဲ့ မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ လင်းလင်း ကတော့ MC ရဲ့ အင်တာဗျူးတစ်ခုမှာ သက်ငယ်မုဒိန်းသမားတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ဖြေဆိုခဲ့တာပါ။ အရွယ်မရောက် အင်္ဂါမစုံလင်သေးတဲ့ ဒီလိုကလေးငယ်တွေကို မုဒိန်းကျင့်တဲ့ သူတွေဟာ ဘယ်လိုအကျိုးတွေထူးလို့လဲ ၊ ဘာ အကျိုးအမြတ်တွေ ရသွားကြလို့ ဒီလိုမစာမနာ လုပ်ကြတာလည်းဆိုပြီးလည်းမေးခွန်းထုတ်ထားပါသေးတယ်။

သက်ငယ်မုဒိန်းသမားတွေကို မုန်းတယ်ဆိုတာထက်ကို ပိုပြီးစိတ်ပျက်မိတယ် လို့လည်း လင်းလင်း က ဆိုထားပါတယ်။ လင်းလင်းက သက်ငယ်မုဒိန်းသမားတွေကို သူ သာ တကယ် အာဏာပါဝါရှိတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ရင် သူတို့ဟာကို ဖြတ်ပြီးLive လွှင့်ပြချင်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

 

လူဆိုတာ မြင်မှ တွေ့မှကြောက်တတ်တာဆိုတော့ အခုလိုမုဒိန်းကောင် ငါးယောက်(၁၀)ယောက် လောက်ကို လုပ်ပြထားလိုက်ရင် နောင်လုပ်ရဲချင်မှ လုပ်ရဲတော့မယ်လေဆိုပြီးလည်း သူကအမြင်ကို ပြောပြထားပါသေးတယ်။ သိစေချင်လွန်းလို့ ပရိသတ်တွေလည်း လင်းလင်းရဲ့ ပြောဆိုမှုတွေအတွက် မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Source – Hiso Myanmar
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.