




Ref: ဝတ်ရည်မိုး’ FB

Credit Leo

Unicode
‘အသဲကွဲရန်မရှိ’ သီချင်းကိုအတူတွဲသီဆိုကြမယ့် ပိုပိုနဲ့ ချယ်ရီသင်း …

ပိုပိုဟာ ဘိုမရုပ်လေးနဲ့ တူတဲ့ သူမရဲ့ မျက်နှာထားလေးနဲ့ ကောင်းမွန်တဲ့ အသံပါဝါကြောင့် ပရိသတ်အားပေးမှုများစွာရရှိနေသူလေးဖြစ်ပါတယ်။ အမြဲလိုလိုပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းကောင်းတွေကိုဖန်တီးသီဆိုတတ်သူဖြစ်ပြီး အမြဲပြုံပျော်တက်ကြွနေတဲ့ သူမရဲ့ အမူအရာလေးကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာဖြစ်ပါတယ်။

ချယ်ရီသင်းဟာလည်း သူမသီဆိုထားတဲ့ ‘ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်တယ်’ သီချင်းနဲ့ပရိသတ်တွေ အားပေးလက်ခံလာတာလည်းဖြစ်ပါတယ်။ သူမသီချင်းမှာပါတဲ့ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့စာသားဟာလည်း ပရိသတ်တွေကြားမှာရေပန်းစာကျော်ကြားခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ ပိုပိုနဲ့ ချယ်ရီသင်း ဟာနှစ်ယောက်ပေါင်းပြီး ‘အသဲကွဲရန် မရှိ’ဆိုတဲ့ သီချင်းကို ပေါင်းစပ်ဖန်တီးသီဆိုနေတာလည်းဖြစ်ပါတယ်။

ပိုပိုနဲ့ ချယ်ရီသင်းရဲ့ချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်

Ref: ဝတ်ရည်မိုး’ FB

Credit Leo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.