အသားအေရထိန္းသိမ္းတဲ့အခါမွာ မွားယြင္းစြာ အသုံးျပဳတတ္ၾကတဲ့ အလွကုန္(၈)မ်ိဳး

မိန္းကေလးတိုင္းက အသားအေရ ထိန္းသိမ္းမႈဟာ တကယ္ကို အေရးႀကီးတယ္ဆိုတာ သိၾကေပမယ့္ အသားအေရထိန္းသိမ္းတဲ့ skin careေတြ၊ အလွကုန္ေတြကို ဘယ္လိုနည္းလမ္းမွန္နဲ႔ အသုံးျပဳရမယ္ဆိုတာ ေသခ်ာမသိၾကပါဘူး။ တခ်ိဳ႕က ေၾကာ္ျငာေတြ႕လို႔သုံးၾကည့္တာ၊ တခ်ိဳ႕က သူမ်ားသုံးတာ ေကာင္းတယ္ဆိုလို႔ လိုက္သုံးၾကည့္တာေတြ ရွိပါတယ္။

ဒီ အလွကုန္ေတြရဲ႕ အေၾကာင္းကို ေသခ်ာမသိဘူး၊ အၫႊန္း ေသခ်ာမဖတ္ဘူးဆိုရင္ အသားအေရေကာင္းခ်င္လို႔ သုံးေပမယ့္ အသားအေရပ်က္စီးတာေတြ၊ အေရျပားျပႆနာေတြ ႀကဳံရတတ္ပါတယ္။အလွကုန္ေတြကို ဝယ္တဲ့အခါ အၫႊန္းႏွင့္ ပါဝင္ပစၥည္းေတြကို ေသခ်ာဖတ္ဖို႔လိုသလို နည္းမွန္လမ္းမွန္ သုံးတတ္ဖို႔လည္း လိုပါတယ္။

၁။ ေန႔တိုင္း မိတ္ကပ္ဖ်က္တဲ့အခါ တစ္ရႈးအစိုကို အသုံးျပဳျခင္း

 

 

ကြၽန္မတို႔ဟာ တခါတေလ မိတ္ကပ္လိမ္းထားၿပီး cleaning လုပ္ဖို႔ပ်င္းတဲ့အခါ တစ္ရႈးအစိုနဲ႔ သုတ္ပစ္တတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ရႈးအစိုကို အခ်ိန္တိုင္းမသုံးသင့္ပါဘူး။ သူတို႔က အသားအေရကို အလုံအေလာက္ မသန႔္စင္ႏိုင္ပါဘူး။ ဒါ့ထက္ပိုၿပီး သူတို႔မွာ အေရျပားကို ယားယံ၊ ေျခာက္ေသြ႕ေစၿပီး အေရျပားကိုအျခစ္ရာေတြ ျဖစ္ေစတဲ့ ၾကမ္းတမ္းေသာပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားပါတယ္။ ေရႏွင့္ cleanserေကာင္းေကာင္း မရွိမွသာ သူတို႔ကို အသုံးျပဳသင့္ပါတယ္။ ေန႔တိုင္းဂ႐ုစိုက္ဖို႔အတြက္ ဂ်ယ္လ္ႏွင့္ အျမဳပ္ထတဲ့ မ်က္ႏွာသန႔္စင္ေဆးေတြကို အသုံးျပဳသင့္ပါတယ္။

၂။ ဆီရမ္တစ္မ်ိဳးတည္းသာ အသုံးျပဳလို႔ရတယ္ ထင္ျခင္း

 

 

ဆီရမ္ကို moisturizing cream အသုံးမျပဳခင္ မလိမ္းသင့္ပါဘူး။ အထူးသျဖင့္ ဆီရမ္မွာ retinol ပါရွိလွ်င္ ညတိုင္းလိမ္းတာပိုေကာင္းပါတယ္။ ဒါက အသားအေရကို လိုအပ္တဲ့ အာဟာရဓါတ္ေတြ အျပည့္အဝ စုပ္ယူေပးပါလိမ့္မယ္။ မ်က္ႏွာေပါင္းတင္လိုက္ရင္ ပိုၿပီးေတာ့ေတာင္ ထိေရာက္ပါတယ္။ ေႏြရာသီမွာ retinol ႂကြယ္ဝတဲ့ အလွကုန္က ေနေရာင္ႏွင့္ ထိေတြ႕တဲ့အခါ ေနေလာင္ျခင္းကို ျဖစ္ေစႏိုင္တာေၾကာင့္ sunscreen ႏွင့္အတူ တြဲသုံးေပးႏိုင္ပါတယ္။

၃။ ေဖာင္ေဒးရွင္းလိမ္းၿပီး ေျခာက္ေသြ႕တဲ့ ေရျမဳပ္ကို အသုံးျပဳတာ

 

 

ေရျမဳပ္အမ်ားစုဟာ အထူးသျဖင့္ လူႀကိဳက္မ်ားတဲ့ beauty blender ေတြက စိုစြတ္ေနဖို႔ လိုအပ္ပါတယ္။ ေရျမဳပ္က ေျခာက္ေသြ႕ေနတဲ့အခါ သူတို႔က အလွကုန္ေတြကို အမ်ားႀကီး စုပ္ယူသြားၿပီး ညီညီညာညာ မျဖစ္ေတာ့ပါဘူး။

၄။ concealer ႏွင့္ corrector အၾကားျခားနားမႈကို မသိျခင္း

 

 

ကြၽန္မတို႔အမ်ားစုက ဒီအလွကုန္ ၂မ်ိဳးကို မကြဲပါဘူး။ ဒီအလွကုန္ ၂မ်ိဳးက ျခားနားပါတယ္။ concealerကို မ်က္လုံးနားဧရိယာမွာသာ အသုံးျပဳသင့္ၿပီး corrector ကို မ်က္ႏွာေပၚက အသားအေရရဲ႕ အျပစ္အနာအဆာေတြကို ဖုံးကြယ္ဖို႔ သုံးသင့္ပါတယ္။ သူတို႔ထဲက တစ္ခုခုကို အသုံးျပဳတဲ့အခါ သင္သိသင့္တာ နည္းနည္းရွိပါတယ္။ concealer အသုံးျပဳတဲ့အခါ အသားအေရကို အစိုဓါတ္ရေအာင္ ႀကိဳတင္လုပ္သင့္ပါတယ္။ corrector ကို ႏွိပ္နယ္ျခင္းႏွင့္အတူ လိမ္းသင့္ပါတယ္။ ဒီနည္းလမ္းက မ်က္ႏွာေပၚမွာ သဘာဝ ပိုၿပီးက်ပါလိမ့္မယ္။

၅။ ဂ်ယ္လ္ႏွင့္ အျမဳပ္ထြက္တဲ့ cleansers ကို မိတ္ကပ္ဖ်က္ဖို႔သာအသုံးျပဳျခင္း

 

 

cleansers ေတြကို ညဘက္မိတ္ကပ္ဖ်က္ဖို႔အတြက္သာမက မနက္ခင္းမွာပါ အသုံးျပဳႏိုင္ပါတယ္။ ဒီနည္းလမ္းက sebum၊ အေရျပားဆဲလ္ေသေတြ၊ ညဘက္ သင့္အေရျပားေပၚမွာ ရွိသမွ် ဖုန္ႏွင့္ ေခြၽးေတြကို ဖယ္ရွားႏိုင္ပါတယ္။ scrubsကို အသုံးျပဳေပးရင္ ပိုေကာင္းပါတယ္။

၆။ မ်က္ႏွာေပါင္းတင္တဲ့အခါ တညလုံးထားတာ သို႔မဟုတ္ လုံးဝေျခာက္သြားမွ ဖယ္ရွားတာ

 

 

မ်က္ႏွာေပါင္တင္အမ်ိဳးအစားတိုင္းကို အၫႊန္းမွာပါတဲ့အတိုင္း အသုံးျပဳသင့္ပါတယ္။ အၫႊန္းေပၚမွာ တညလုံးထားရမယ္လို႔ မပါရင္ ေပါင္းတင္ေဆးကို မ်က္ႏွာေပၚမွာ တစ္ညလုံးမထားပါနဲ႔။ ဒါက ဆိုး႐ြားတဲ့ အသားအေရျပႆနာကို ဦးတည္ႏိုင္ပါတယ္။ Fabric face maskေတြကို မေျခာက္ခင္မွာ ဖယ္ရွားသင့္ပါတယ္။ ဒါလိုမွမဟုတ္ရင္ maskဟာ အသားအေရထဲက အစိုဓါတ္ကို စုပ္ယူသြားပါလိမ့္မယ္။ ဒါက အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ ႐ႊံ႕မ်က္ႏွာေပါင္းတင္ေဆးလည္း အတူတူပါပဲ။ အစိုဓါတ္ကို ေႏွးေကြးစြာ အေငြ႕ပ်ံဖို႔ အတြက္ ခပ္ထူထူလိမ္းေပးသင့္ပါတယ္။ ေပါင္းတင္ေဆးကို ေစးကပ္ကပ္ျဖစ္ေနဆဲမွာ ဖယ္ရွားေပးရပါမယ္။

၇။ အယ္ကိုေဟာပါဝင္တဲ့ လိုးရွင္းႏွင့္ မ်က္ႏွာကို ပြတ္တာ

 

 

မတူညီတဲ့ မ်က္ႏွာလိုးရွင္းေတြမွာ မတူညီတဲ့ သက္ေရာက္မႈေတြရွိပါတယ္။ တကယ္ေတာ့ သူတို႔ရဲ႕ ပါဝင္ပစၥည္းမ်ားက ထုတ္ကုန္ရဲ႕ function ေပၚမူတည္ၿပီး ျခားနားပါတယ္။ လိုးရွင္းအမ်ားစုမွာ အယ္ကိုေဟာပါဝင္ၿပီး မၾကာခဏ သုံးလွ်င္ အသားအေရကို ျပင္းထန္တဲ့ ဓါတုတုံ႔ျပန္မႈအျဖစ္ sebumကို ပိုၿပီးထုတ္လုပ္ပါတယ္။ ဒါ့အျပင္ လိုးရွင္းေတြကို မ်က္ႏွာတစ္ျပင္လုံး မလိမ္းသင့္ပါဘူး။ အဲ့ဒီအစား လိုးရွင္းကို လက္ႏွစ္ဖက္ထဲ ထည့္ပြတ္ၿပီး ေမးေစ့၊ နဖူးႏွင့္ ပါးႏွစ္ဖက္ေပၚပုတ္ေပးတာကို ျပဳလုပ္သင့္ပါတယ္။

၈။ micellar water သုံးၿပီး ေရႏွင့္ ျပန္မသစ္ျခင္း

 

 

Micellar waterဟာ လိုးရွင္းလို အယ္ကိုေဟာ မပါတာေၾကာင့္ ကြာျခားပါတယ္။ ၎မွာ တျခား activeျဖစ္တဲ့ ပါဝင္ပစၥည္း(micelles) ပါဝင္ပါတယ္။ သူတို႔ စုစည္းထားတဲ့ ဖုန္ႏွင့္ အညစ္အေၾကးအားလုံးကို ေရႏွင့္ မေဆးဘဲထားလွ်င္ မ်က္ႏွာေပၚမွာ က်န္ရွိေနပါလိမ့္မယ္။ micellar water ႏွင့္ အသားအေရကို ေရရွည္ထိေတြ႕ျခင္းက ဆပ္ျပာတိုက္ထားၿပီး ေရမေဆးထားသလိုျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ Micellar water သုံးၿပီးရင္ ေရျဖင့္ ျပန္လည္သန႔္စင္ဖို႔လိုပါတယ္။ ဒီလိုမွမဟုတ္ရင္ အသားအေရ ယားယံတာေတြ ျဖစ္လာပါလိမ့္မယ္။
Credit; Lifestyle_Myanmar

 

Unicode

 

မိန်းကလေးတိုင်းက အသားအရေ ထိန်းသိမ်းမှုဟာ တကယ်ကို အရေးကြီးတယ်ဆိုတာ သိကြပေမယ့် အသားအရေထိန်းသိမ်းတဲ့ skin careတွေ၊ အလှကုန်တွေကို ဘယ်လိုနည်းလမ်းမှန်နဲ့ အသုံးပြုရမယ်ဆိုတာ သေချာမသိကြပါဘူး။ တချို့က ကြော်ငြာတွေ့လို့သုံးကြည့်တာ၊ တချို့က သူများသုံးတာ ကောင်းတယ်ဆိုလို့ လိုက်သုံးကြည့်တာတွေ ရှိပါတယ်။

ဒီ အလှကုန်တွေရဲ့ အကြောင်းကို သေချာမသိဘူး၊ အညွှန်း သေချာမဖတ်ဘူးဆိုရင် အသားအရေကောင်းချင်လို့ သုံးပေမယ့် အသားအရေပျက်စီးတာတွေ၊ အရေပြားပြဿနာတွေ ကြုံရတတ်ပါတယ်။အလှကုန်တွေကို ဝယ်တဲ့အခါ အညွှန်းနှင့် ပါဝင်ပစ္စည်းတွေကို သေချာဖတ်ဖို့လိုသလို နည်းမှန်လမ်းမှန် သုံးတတ်ဖို့လည်း လိုပါတယ်။

၁။ နေ့တိုင်း မိတ်ကပ်ဖျက်တဲ့အခါ တစ်ရှုးအစိုကို အသုံးပြုခြင်း

ကျွန်မတို့ဟာ တခါတလေ မိတ်ကပ်လိမ်းထားပြီး cleaning လုပ်ဖို့ပျင်းတဲ့အခါ တစ်ရှုးအစိုနဲ့ သုတ်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ရှုးအစိုကို အချိန်တိုင်းမသုံးသင့်ပါဘူး။ သူတို့က အသားအရေကို အလုံအလောက် မသန့်စင်နိုင်ပါဘူး။ ဒါ့ထက်ပိုပြီး သူတို့မှာ အရေပြားကို ယားယံ၊ ခြောက်သွေ့စေပြီး အရေပြားကိုအခြစ်ရာတွေ ဖြစ်စေတဲ့ ကြမ်းတမ်းသောပစ္စည်းများဖြင့် ပြုလုပ်ထားပါတယ်။ ရေနှင့် cleanserကောင်းကောင်း မရှိမှသာ သူတို့ကို အသုံးပြုသင့်ပါတယ်။ နေ့တိုင်းဂရုစိုက်ဖို့အတွက် ဂျယ်လ်နှင့် အမြုပ်ထတဲ့ မျက်နှာသန့်စင်ဆေးတွေကို အသုံးပြုသင့်ပါတယ်။

၂။ ဆီရမ်တစ်မျိုးတည်းသာ အသုံးပြုလို့ရတယ် ထင်ခြင်း

ဆီရမ်ကို moisturizing cream အသုံးမပြုခင် မလိမ်းသင့်ပါဘူး။ အထူးသဖြင့် ဆီရမ်မှာ retinol ပါရှိလျှင် ညတိုင်းလိမ်းတာပိုကောင်းပါတယ်။ ဒါက အသားအရေကို လိုအပ်တဲ့ အာဟာရဓါတ်တွေ အပြည့်အဝ စုပ်ယူပေးပါလိမ့်မယ်။ မျက်နှာပေါင်းတင်လိုက်ရင် ပိုပြီးတော့တောင် ထိရောက်ပါတယ်။ နွေရာသီမှာ retinol ကြွယ်ဝတဲ့ အလှကုန်က နေရောင်နှင့် ထိတွေ့တဲ့အခါ နေလောင်ခြင်းကို ဖြစ်စေနိုင်တာကြောင့် sunscreen နှင့်အတူ တွဲသုံးပေးနိုင်ပါတယ်။

၃။ ဖောင်ဒေးရှင်းလိမ်းပြီး ခြောက်သွေ့တဲ့ ရေမြုပ်ကို အသုံးပြုတာ

ရေမြုပ်အများစုဟာ အထူးသဖြင့် လူကြိုက်များတဲ့ beauty blender တွေက စိုစွတ်နေဖို့ လိုအပ်ပါတယ်။ ရေမြုပ်က ခြောက်သွေ့နေတဲ့အခါ သူတို့က အလှကုန်တွေကို အများကြီး စုပ်ယူသွားပြီး ညီညီညာညာ မဖြစ်တော့ပါဘူး။

၄။ concealer နှင့် corrector အကြားခြားနားမှုကို မသိခြင်း

ကျွန်မတို့အများစုက ဒီအလှကုန် ၂မျိုးကို မကွဲပါဘူး။ ဒီအလှကုန် ၂မျိုးက ခြားနားပါတယ်။ concealerကို မျက်လုံးနားဧရိယာမှာသာ အသုံးပြုသင့်ပြီး corrector ကို မျက်နှာပေါ်က အသားအရေရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ သုံးသင့်ပါတယ်။ သူတို့ထဲက တစ်ခုခုကို အသုံးပြုတဲ့အခါ သင်သိသင့်တာ နည်းနည်းရှိပါတယ်။ concealer အသုံးပြုတဲ့အခါ အသားအရေကို အစိုဓါတ်ရအောင် ကြိုတင်လုပ်သင့်ပါတယ်။ corrector ကို နှိပ်နယ်ခြင်းနှင့်အတူ လိမ်းသင့်ပါတယ်။ ဒီနည်းလမ်းက မျက်နှာပေါ်မှာ သဘာဝ ပိုပြီးကျပါလိမ့်မယ်။

၅။ ဂျယ်လ်နှင့် အမြုပ်ထွက်တဲ့ cleansers ကို မိတ်ကပ်ဖျက်ဖို့သာအသုံးပြုခြင်း

cleansers တွေကို ညဘက်မိတ်ကပ်ဖျက်ဖို့အတွက်သာမက မနက်ခင်းမှာပါ အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက sebum၊ အရေပြားဆဲလ်သေတွေ၊ ညဘက် သင့်အရေပြားပေါ်မှာ ရှိသမျှ ဖုန်နှင့် ချွေးတွေကို ဖယ်ရှားနိုင်ပါတယ်။ scrubsကို အသုံးပြုပေးရင် ပိုကောင်းပါတယ်။

၆။ မျက်နှာပေါင်းတင်တဲ့အခါ တညလုံးထားတာ သို့မဟုတ် လုံးဝခြောက်သွားမှ ဖယ်ရှားတာ

မျက်နှာပေါင်တင်အမျိုးအစားတိုင်းကို အညွှန်းမှာပါတဲ့အတိုင်း အသုံးပြုသင့်ပါတယ်။ အညွှန်းပေါ်မှာ တညလုံးထားရမယ်လို့ မပါရင် ပေါင်းတင်ဆေးကို မျက်နှာပေါ်မှာ တစ်ညလုံးမထားပါနဲ့။ ဒါက ဆိုးရွားတဲ့ အသားအရေပြဿနာကို ဦးတည်နိုင်ပါတယ်။ Fabric face maskတွေကို မခြောက်ခင်မှာ ဖယ်ရှားသင့်ပါတယ်။ ဒါလိုမှမဟုတ်ရင် maskဟာ အသားအရေထဲက အစိုဓါတ်ကို စုပ်ယူသွားပါလိမ့်မယ်။ ဒါက အသားအရေကို ခြောက်သွေ့စေပါတယ်။ ရွှံ့မျက်နှာပေါင်းတင်ဆေးလည်း အတူတူပါပဲ။ အစိုဓါတ်ကို နှေးကွေးစွာ အငွေ့ပျံဖို့ အတွက် ခပ်ထူထူလိမ်းပေးသင့်ပါတယ်။ ပေါင်းတင်ဆေးကို စေးကပ်ကပ်ဖြစ်နေဆဲမှာ ဖယ်ရှားပေးရပါမယ်။

၇။ အယ်ကိုဟောပါဝင်တဲ့ လိုးရှင်းနှင့် မျက်နှာကို ပွတ်တာ

မတူညီတဲ့ မျက်နှာလိုးရှင်းတွေမှာ မတူညီတဲ့ သက်ရောက်မှုတွေရှိပါတယ်။ တကယ်တော့ သူတို့ရဲ့ ပါဝင်ပစ္စည်းများက ထုတ်ကုန်ရဲ့ function ပေါ်မူတည်ပြီး ခြားနားပါတယ်။ လိုးရှင်းအများစုမှာ အယ်ကိုဟောပါဝင်ပြီး မကြာခဏ သုံးလျှင် အသားအရေကို ပြင်းထန်တဲ့ ဓါတုတုံ့ပြန်မှုအဖြစ် sebumကို ပိုပြီးထုတ်လုပ်ပါတယ်။ ဒါ့အပြင် လိုးရှင်းတွေကို မျက်နှာတစ်ပြင်လုံး မလိမ်းသင့်ပါဘူး။ အဲ့ဒီအစား လိုးရှင်းကို လက်နှစ်ဖက်ထဲ ထည့်ပွတ်ပြီး မေးစေ့၊ နဖူးနှင့် ပါးနှစ်ဖက်ပေါ်ပုတ်ပေးတာကို ပြုလုပ်သင့်ပါတယ်။

၈။ micellar water သုံးပြီး ရေနှင့် ပြန်မသစ်ခြင်း

Micellar waterဟာ လိုးရှင်းလို အယ်ကိုဟော မပါတာကြောင့် ကွာခြားပါတယ်။ ၎င်းမှာ တခြား activeဖြစ်တဲ့ ပါဝင်ပစ္စည်း(micelles) ပါဝင်ပါတယ်။ သူတို့ စုစည်းထားတဲ့ ဖုန်နှင့် အညစ်အကြေးအားလုံးကို ရေနှင့် မဆေးဘဲထားလျှင် မျက်နှာပေါ်မှာ ကျန်ရှိနေပါလိမ့်မယ်။ micellar water နှင့် အသားအရေကို ရေရှည်ထိတွေ့ခြင်းက ဆပ်ပြာတိုက်ထားပြီး ရေမဆေးထားသလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် Micellar water သုံးပြီးရင် ရေဖြင့် ပြန်လည်သန့်စင်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အသားအရေ ယားယံတာတွေ ဖြစ်လာပါလိမ့်မယ်။
Credit; Lifestyle_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.