အသားလွတ် စွပ်စွဲနေတဲ့ မိုးဟေကို ရဲ့ ပရိသတ်တွေကို တရားပြန်စွဲတော့မယ့် နေခြည်ဦး

Posted on

မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့စာတွေကြောင့် နေခြည်ဦးတစ်ယောက် ကောင်းကောင်းကြီးဝေဖန်ခံနေရတာပါ။ သူငယ်ချင်းအချင်းချင်း စနောက်ကနေ တင်လိုက်တဲ့ Status တစ်ခုကြောင့် လူမှုကွန်ရက်အသုံးပြုသူတော်တော်များများက နေခြည်ဦးကို ပစ်ပစ်နှစ်နှစ်ပြောဆိုခဲ့ကြတာကိုတွေ့ရပါတယ်။

မိုးဟေကို ကို ရည်ရွယ်ပြီး ဖောင်းထုတဲ့ Status နှစ်ခုလို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခံနေရတဲ့ နေခြည်ဦးရဲ့ရေးသားချက်တွေအတွက် ချီချီ မနေ့ညကတည်းက ဖြေရှင်းချက်ပေးပြီးဖြစ်ပေမယ့် တရားလွတ်ဝေဖန်တဲ့ မိုးဟေကို ရဲ့ ပရိသတ်တွေအတွက် ချီချီက ”အသေရေ ဖျက်မှု ၆၆(ဃ) နဲ့ တရားစွဲမှာပါ။
အရင် ဂရက်တွေမှာ ထင်မြင်ချက်တွေပေးပြီး ဆဲကြဆိုကြတာကို မုန်းလို့ကြည့်မရလို့ ပြောချင်လို့ကို ပြောတာဘဲ လို့တွေးလိုက်လို့ရတယ်။ အခုကိစ္စတော်တော် လွန်ပါတယ်။
နာမည်နဲ့ပါတပ်ပြီး ကိုယ်မပြောဘဲနဲ့ စွပ်စွဲတာက ဥပဒေနဲ့ ငြိစွန်းပါတယ်။ ဒါထားလိုက်ပါ လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။
တစ်ဖက်လူကိုလဲ နေခြည်အရမ်းအားနာတာဘဲ။ အထူးသဖြင့် ကိုယ် ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်နဲ့ ဒီလို မဟုတ်မမှန် သတင်းဖြန့်နေတာကို သည်းခံနေမယ့်ထဲမှာ နေခြည်ဦး မပါပါဘူး။
နေခြည့် chillies တွေလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး။ အဲ့အတွက် အခု စောင့်ကြည့်နေပါတယ်။ ဒီထပ်ပိုဆိုးလာရင် ၆၆ (ဃ) ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲပါမယ်။”လို့ လူမှုကွန်ရက်ကနေ ရေးသားလိုက်ပါပြီ။ သိစေချင်ပရိသတ်ကြီးတွေလည်း နေခြည်ဦးအတွက်မှတ်ချက်ပေးခဲ့ကြပါဦး။

Source – Nay Chi Oo

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.