“အသည်းကွဲပြီးလှတာ အွန်စောပဲရှိတယ်လို့မြန်မာမိန်းကလေးတွေကို သတိပေးလိုက်တဲ့ ထွန်းထွန်း”

Posted on

ထွန်းထွန်းကတော့ အောင်မြင်နေတဲ့ အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ R&B နဲ့ Hip Hop အမျိုးအစားတွေကို သီဆိုတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာကာရိုက်တာပိုင်းကို ပီပြင်အောင်သရုပ်ဆောင်ပြီးတော့ သူ့ရဲ့ပထမဆုံး အကောင်ဆုံးအကယ်ဒမီ ဇာတ်ပို့ဆုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ ထွန်းထွန်းဟာဆိုရင် တစ်နေ့တာအဖြစ်အပျက်တွေကို လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလေ့ရှိသူတစ်ယောက်ဖြစ်ပြီးတော့ အသည်းကွဲပြီးလှတာ အွန်စောသာ ဖြစ်ကြောင်း မြန်မာမိန်းကလေးထုကို သတိပေးလိုက်တာပဲဖြစ်ပါတယ်။

 

 

တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာအနှံ့အပြားကတောင် နှစ်သက်သဘောကျပြီး အားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေဂျိုတို့ အတွဲဟာဆိုရင် စိတ်သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတာဖြစ်ပြီးတော့ ဒီသတင်းက ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေပြီး လှုပ်ခတ်စေခဲ့တယ်။ အွန်စောက အသဲကွဲပြီးနောက်ပိုင်း အရင်ကထက်ပိုပြီးတော့ ချစ်စရာကောင်းလာပြီးတော့ နုပျိုလှနေတယ်ဆိုတာက ဖေ့စ်ဘွတ်မှာ ချီးကျူးစကားတွေ ပျံနှံနေတာဖြစ်ပါတယ်။

 

 

အွန်စော ခုလိုပိုပြီးလှလာတာကို ထွန်းထွန်းက “ဘဲနဲ့ပြတ်မှ လှတယ်ဆိုတာ ဟိုက အွန်စောလေ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အွန်စော ခုလိုပိုပြီးလှလာတယ်ဆိုတာကို ထွန်းထွန်းအပါအဝင် အောင်ရဲလင်း၊ ညီညီမောင်(စန်းချောင်း)၊ အေးဝတ်ရည်သောင်းနဲ့ တခြားအနုပညာရှင်တွေက ထောက်ခံထားပါသေးတယ်။ ပရိသတ်ကြီးရော အွန်စောက အသဲကွဲပြီးနောက်ပိုင်း ပိုပြီးလှလာလား ဆိုတာမှတ်ချက်လေး ပြောပြခဲ့ပါဦး။

Source ;Htin Aung Tun
ခရက်ဒစ် Cele gabar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.