အသက် ၅၁နှစ်ရှိနေသည့်တိုင်အောင် မယုံနိုင်လောက်အောင်နုပျိုနေဆဲဖြစ်တဲ့ ပထမဦးဆုံးတီဗီဇာတ်လမ်းတွဲ မင်းသမီးကြီး

၁၉၆၈ ခုနှစ်က နယူးထိုင်ပေမြို့မှာ မွေးဖွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးကြီး Stephanie Siao ဟာ အခုဆို အသက် ၅၁နှစ်ရှိနေပြီဖြစ်ပါတယ်။

 

 

အသက်အရွယ်ဆိုတာ ကိန်းဂဏန်တစ်ခုလို့ သက်သေပြလိုက်တဲ့ မင်းသမီးကြီး Siao ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ခန့်က ပထမဦးဆုံး တီဗွီရုပ်သံလိုင်းတွေမှာတင်လွှင့်တဲ့ ဇာတ်လမ်းတွဲ မင်းသမီးကြီး တစ်လက်လည်း ဖြစ်ပါတယ်။

 

 

သူမဟာ အနှစ် ၃၀ကြာအောင် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Professional မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်မှာ မော်ဒယ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကို ကူပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။

 

 

၁၉၉၆ခုနှစ်ကထုတ်လွှင့်တဲ့ A Curtain of Love Dream အချစ်ဇာတ်လမ်းတွဲနဲ့ အရှေ့အာရှတစ်ခွင် ပရိတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

 

 

အရပ်အမောင်း ၅ပေနဲ့ ၇လက်မရှိပြီး သူမရဲ့ ရိုးရှင်းတဲ့ မျက်နှာထားကြောင် ထိုင်ဝမ်မှာ အလှဆုံး မင်းသမီးအဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်ပါတယ်။ သူမဟာ လာမည့် သြဂုတ်လမှာဆို အသက် ၅၁နှစ် တင်းတင်းပြည့်ပြီဖြစ်ပါတယ်။

 

 

ဒါပေမဲ့ သူမရဲ့ ပုံသဏ္ဍာန်ကတော့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်လိုပဲ နုပျိုနေတုန်းပါပဲ။ သူမဟာ ၁၀နှစ်ကျော် ယောဂကျင့်စဉ်နဲ့ ကျန်းမာရေး လိုက်စားဖြစ်ပြီး ရေကူးရတာကို နှစ်သက်သူလည်းဖြစ်ပါတယ်။

 

 

သူမရဲ့ အိမ်မှာ ပန်းတွေစိုက်ရတာ၊ အိမ်မွေးတိရိစ္ဆာန်တွေမွေးရတာကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ နုပျိုရတဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကတော့ အသီးအရွက်နဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးတာကြောင့်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေမှာလည်းသူမရဲ့ နုပျိုမှုတွေကြောင့် ရေပန်းစားလာခဲ့ပါတယ်။

 

 

Source;Lifestyle_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.