အသက္ ၄၀ နားနီးေနၿပီဆိုေပမယ့္လည္း ရည္းစားထားဖို႔အစီအစဥ္မရွိေသးတဲ့ Park Hae Jin

Posted on

ျမန္မာပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသား ကိုရီးယားမင္းသားတစ္လက္ျဖစ္တဲ့ Park Hae Jin ဟာဆိုရင္ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက သူ႔ရဲ႕ဒရမ္မာအသစ္ ‘Kkondae Intern’ အတြက္ အင္တာဗ်ဴးတစ္ခုကို ေျဖဆိုေပးခဲ့ပါတယ္။ အဆိုပါအင္တာဗ်ဴးမွာ သူက COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္အတြင္းမွာေတာင္ ႐ိုက္ကူးေရးဝန္ထမ္းေတြက ဇာတ္ကားကိုႀကိဳးစားၿပီးေသခ်ာ႐ိုက္ကူးခဲ့ေၾကာင္းကို ဦးစြာေျပာျပခဲ့တာ ေတြ႕ရပါတယ္။

ဆက္လက္ၿပီး သူဟာ ဇာတ္ကားၾကည့္ရႈမႈန္းေလ်ာ့နည္းတာနဲ႔ပတ္သတ္ၿပီး ေျဖဆိုေပးခဲ့ကာ အဲဒီေနာက္မွာေတာ့ ပရိသတ္ေတြသိခ်င္ေနၾကတဲ့ သူ႔ရဲ႕အခ်စ္ေရးအေၾကာင္းကို “ကြၽန္ေတာ္က ကိုယ့္ကိုယ္ကိုအရမ္းခ်စ္တတ္တဲ့သူျဖစ္မယ္ထင္တယ္…ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕အခ်ိန္ေတြကို တျခားတစ္ေယာက္အတြက္ မွ်ေဝၿပီးမေပးခ်င္ဘူးဗ်” လို႔ဆိုကာ ပြင့္ပြင့္လင္းလင္းဖြင့္ဟသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း သူ႔အေနနဲ႔ အိမ္ေထာင္ျပဳဖို႔အေတြးေတာ့ရွိေၾကာင္းကို “အခုဆို ကြၽန္ေတာ့္အသက္က ၄၀ နားနီးေနၿပီဆိုေတာ့ ၄၅ ႏွစ္မတိုင္ခင္ေလာက္ အိမ္ေထာင္ျပဳဖို႔စီစဥ္မွာပါ” ဆိုၿပီးဟာသေႏွာကာေျပာျပသြားခဲ့ပါေသးတယ္။ Park Hae Jin ဟာ အခုဆိုရင္ အသက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္ၿပီး အႏုပညာေလာကထဲကို လြန္ခဲ့တဲ့ ၁၄ ႏွစ္တည္းက ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။ အႏုပညာသက္တမ္း ၁၄ ႏွစ္ရွိတဲ့ မင္းသားတစ္လက္ျဖစ္ေသာ္ျငားလည္း ဒီေန႔အခ်ိန္ထိ ခ်စ္သူရည္းစားနဲ႔ပတ္သတ္တဲ့သတင္းကေတာ့ တစ္ႀကိမ္တစ္ခါမွ်ထြက္ရွိခဲ့ျခင္းမရွိပါဘူး။ ဒီအတိုင္းသာဆိုရင္ေတာ့ Park Hae Jin တစ္ေယာက္ လူပ်ိဳႀကီးမ်ားလုပ္မယ့္အေျခအေနရွိတဲ့ပုံပါပဲေနာ္။

Ref : KStarLive

Unicode

မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Park Hae Jin ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူ့ရဲ့ဒရမ်မာအသစ် ‘Kkondae Intern’ အတွက် အင်တာဗျူးတစ်ခုကို ဖြေဆိုပေးခဲ့ပါတယ်။ အဆိုပါအင်တာဗျူးမှာ သူက COVID-19 ကပ်ရောဂါဖြစ်နေချိန်အတွင်းမှာတောင် ရိုက်ကူးရေးဝန်ထမ်းတွေက ဇာတ်ကားကိုကြိုးစားပြီးသေချာရိုက်ကူးခဲ့ကြောင်းကို ဦးစွာပြောပြခဲ့တာ တွေ့ရပါတယ်။

ဆက်လက်ပြီး သူဟာ ဇာတ်ကားကြည့်ရှုမှုန်းလျော့နည်းတာနဲ့ပတ်သတ်ပြီး ဖြေဆိုပေးခဲ့ကာ အဲဒီနောက်မှာတော့ ပရိသတ်တွေသိချင်နေကြတဲ့ သူ့ရဲ့အချစ်ရေးအကြောင်းကို “ကျွန်တော်က ကိုယ့်ကိုယ်ကိုအရမ်းချစ်တတ်တဲ့သူဖြစ်မယ်ထင်တယ်…ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့အချိန်တွေကို တခြားတစ်ယောက်အတွက် မျှဝေပြီးမပေးချင်ဘူးဗျ” လို့ဆိုကာ ပွင့်ပွင့်လင်းလင်းဖွင့်ဟသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့အနေနဲ့ အိမ်ထောင်ပြုဖို့အတွေးတော့ရှိကြောင်းကို “အခုဆို ကျွန်တော့်အသက်က ၄၀ နားနီးနေပြီဆိုတော့ ၄၅ နှစ်မတိုင်ခင်လောက် အိမ်ထောင်ပြုဖို့စီစဉ်မှာပါ” ဆိုပြီးဟာသနှောကာပြောပြသွားခဲ့ပါသေးတယ်။ Park Hae Jin ဟာ အခုဆိုရင် အသက် ၃၇ နှစ်ရှိနေပြီဖြစ်ပြီး အနုပညာလောကထဲကို လွန်ခဲ့တဲ့ ၁၄ နှစ်တည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ အနုပညာသက်တမ်း ၁၄ နှစ်ရှိတဲ့ မင်းသားတစ်လက်ဖြစ်သော်ငြားလည်း ဒီနေ့အချိန်ထိ ချစ်သူရည်းစားနဲ့ပတ်သတ်တဲ့သတင်းကတော့ တစ်ကြိမ်တစ်ခါမျှထွက်ရှိခဲ့ခြင်းမရှိပါဘူး။ ဒီအတိုင်းသာဆိုရင်တော့ Park Hae Jin တစ်ယောက် လူပျိုကြီးများလုပ်မယ့်အခြေအနေရှိတဲ့ပုံပါပဲနော်။

Ref : KStarLive

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.