Myanmar Idol Season (4) ရဲ႕ 2nd Runner Up ဆုရွင္တစ္ေယာက္ျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္းကေတာ့ အသက္အ႐ြယ္ငယ္ေပမယ့္ အႏုပညာနဲ႔ ပက္သတ္ရင္ေတာ့ ေတာ္ေတာ္ေလး ဝါသနာႀကီးသူတစ္ေယာက္ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္းက သီခ်င္းဆိုၿပိဳင္ပြဲႀကီး ၿပီးဆုံးေနခ်ိန္မွာေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္းကလည္း သူ႔ကိုခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြ စိတ္ပ်က္မသြားရေအာင္ သီခ်င္းေကာင္းေလးေတြ အၿမဲတမ္း ဖန္တီးေနတာပဲ ျဖစ္ပါတယ္။
ဒီကေန႔ ႏိုဝင္ဘာလ (၂၇) ရက္ေန႔ကေတာ့ ဘင္ဂ်မင္ဆုမ္းရဲ႕ အသက္ (၂၀) ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္းကေတာ့ သူ႔ရဲ႕ ေမြးေန႔မွာ အလုပ္ေတြ ရႈပ္ေနခဲ့ေပမယ့္ ခရစ္ယာန္ဘာသာဝင္ေတြအျဖစ္ အၿမဲတမ္းဘုရားဝတ္ျပဳတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြေၾကာင့္ ေမြးေန႔ Surprise အႀကီးႀကီးျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္းက သူ႔ရဲ႕ ေမြးေန႔မွာ LED ပိတ္ကားေပၚမွာ ခ်စ္ခင္ရသူေတြရဲ႕ ေမြးေန႔ဆုေတာင္းစကားေတြနဲ႔အတူတူ အမွတ္တရ ေမြးေန႔ကိတ္ေလး ခြဲခဲ့ရတာကို အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။
ဘင္ဂ်မင္ဆုမ္းကေတာ့ သူ႔ရဲ႕ အသက္ (၂၀) ျပည့္ ေမြးေန႔မွာ ေပ်ာ္႐ႊင္မႈေတြမ်ားစြာနဲ႔ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဘင္ဂ်မင္ဆုမ္းရဲ႕ ေမြးေန႔ေလးအတြက္ ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Myat Yadanar Kyaw’s fb
unicode
Myanmar Idol Season (4) ရဲ့ 2nd Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ အသက်အရွယ်ငယ်ပေမယ့် အနုပညာနဲ့ ပက်သတ်ရင်တော့ တော်တော်လေး ဝါသနာကြီးသူတစ်ယောက် ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းက သီချင်းဆိုပြိုင်ပွဲကြီး ပြီးဆုံးနေချိန်မှာတော့ အဆိုတော်တစ်ယောက်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းကလည်း သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ စိတ်ပျက်မသွားရအောင် သီချင်းကောင်းလေးတွေ အမြဲတမ်း ဖန်တီးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ ဘင်ဂျမင်ဆုမ်းရဲ့ အသက် (၂၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ သူ့ရဲ့ မွေးနေ့မှာ အလုပ်တွေ ရှုပ်နေခဲ့ပေမယ့် ခရစ်ယာန်ဘာသာဝင်တွေအဖြစ် အမြဲတမ်းဘုရားဝတ်ပြုတဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် မွေးနေ့ Surprise အကြီးကြီးဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းက သူ့ရဲ့ မွေးနေ့မှာ LED ပိတ်ကားပေါ်မှာ ချစ်ခင်ရသူတွေရဲ့ မွေးနေ့ဆုတောင်းစကားတွေနဲ့အတူတူ အမှတ်တရ မွေးနေ့ကိတ်လေး ခွဲခဲ့ရတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ဘင်ဂျမင်ဆုမ်းကတော့ သူ့ရဲ့ အသက် (၂၀) ပြည့် မွေးနေ့မှာ ပျော်ရွှင်မှုတွေများစွာနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘင်ဂျမင်ဆုမ်းရဲ့ မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Myat Yadanar Kyaw’s fb