အသက် (၁၂) နီးပါး ကွာဟကြပေမယ့်လည်း လိုက်ဖက်ညီစွာ သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ ကိုရီးယား ဒရမ်မာစုံတွဲ (၅) တွဲ

တကယ်လို့များ သင်ဟာ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ်ဆိုရင် ထိုဇာတ်လမ်းတွဲတွေထဲက အဓိကသရုပ်ဆောင်တွေရဲ့ သတင်းအကြောင်းအရာတွေကိုလည်း စိတ်ဝင်စားမိမှာ အမှန်ပါပဲ။

အဲဒီလို အကြောင်းအရာတွေထဲကမှ စိတ်ဝင်စားကြဆုံးကတော့ မင်းသားနဲ့ မင်းသမီး အသက်ကွာဟချက်ပဲ ဖြစ်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးမှာကတော့ အပြင်လက်တွေ့ဘ၀မှာ အသက် (၁၂) ပတ်ဝန်းကျင်မျှ ကွာဟကြပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ အသက်ကွာတယ်လို့ မထင်ရလောက်အောင် လိုက်ဖက်ညီစွာ သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ ဒရမ်မာစုံတွဲတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

1. Park Bogum (1993) and Song Hyekyo (1981)

tvN ရုပ်သံလိုင်းရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲဖြစ်တဲ့ Encounter ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ Park Bo Gum နဲ့ Song Hye Kyo တို့ဟာ အသက် ၁၂ နှစ်ကွာတယ်လို့ မထင်ရလောက်အောင် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

2. Nam Joohyuk (1994) and Han Jimin (1982)

‘The Light in Your Eyes’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ မင်းသား Nam Joo Hyuk နဲ့ မင်းသမီး Han Ji Min တို့ရဲ့ အသက်ကွာဟချက်ကလည်း ၁၂ နှစ် ဖြစ်ပါတယ်။

3. Yoon Kyunsang (1987) and Choi Yoojung 1999)

ပရိသတ်တွေနဲ့ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်တဲ့ ‘Clean with Passion for Now’ ရဲ့ အဓိကမင်းသားနဲ့ မင်းသမီးတို့ဟာလည်း အသက် ၁၂ နှစ်ကွာဟကြတဲ့သူတွေ ဖြစ်ပါတယ်။

4. Gong Yoo (1979) and Kim Goeun (1991)

နာမည်ကျော် ဒရမ်မာစုံတွဲတစ်တွဲဖြစ်တဲ့ Goblin တို့ စုံတွဲ၂ ဦးရဲ့ အသက်ကွာဟချက်ကလည်း ၁၂ နှစ်ဖြစ်ပါတယ်တဲ့။

5. Lee Junki (1981) and IU (1993)

“Moon Lovers: Scarlet Heart Ryeo” ရဲ့ ဒီစုံတွဲကတော့ ဇာတ်လမ်းတွဲမှာ ရွယ်တူပုံစံမျိုး သရုပ်ဆောင်ခဲ့ကြပေမယ့် အပြင်လက်တွေ့မှာတော့ ၁၂ နှစ် ကွာဟကြတာ ဖြစ်ပါတယ်။

Ref : Kstarlive
Source;Mia (Momolay)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.