အသက် ကို (၂၁) အရွယ်မှာ ရပ်တန့်ထားတယ်ဆိုတဲ့ ဖွေးဖွေး

Posted on

ဒီနေ့ သြဂုတ်လ ၉ ရက်နေ့မှာ အသက် ၃၁ နှစ်ပြည့် သွားတဲ့ သရုပ်ဆောင် ဖွေးဖွေးတစ်ယောက် ပရိသတ်တွေကို ရန်ကုန်မြို့၊ ဗိုလ်တထောင်ကမ်းနားမှာ ပဲကုလားဟင်းနဲ့ ငပိကြော် စတုဒီသာ ကျွေးမွေးခဲ့တာပါ ။ အလှူလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဖွေးဖွေးက ဧရာဝတီကို အခုလိုဖြေကြားခဲ့ပါတယ်။ဖွေးဖွေးက “ဖွေးမွေးနေ့မှာ ဗိုလ်တထောင်ကမ်းနားမှာ ပဲကုလားဟင်းနဲ့ ငပိကြော် လှူတာပေါ့။ ဖွေးက ပဲကုလားဟင်း အရမ်းကြိုက်တာ။ ဖွေးဖွေး နည်းနည်း လှူတာတွေ တင်တော့ အကုန်လုံးက စားချင်တယ်ဆိုတာနဲ့ ဝိုင်းရေးကြတာနဲ့ လှူဖြစ်တာပါ။ ဖွေး အဖေနဲ့ အမေနဲ့ ချက်ပေးကြတာပေါ့”

“ဖွေးက မနေ့က မော်လမြိုင်ရောက်နေတာ ပရိသတ်တွေက အားလူးတွေရော၊ ပဲသီးတွေရော၊ ဘဲဥတွေရော လာလှီးပေးကြတယ်။ အဖေနဲ့ အမေက ဒီလို လှူပေးတာက ဖွေးအတွက် လက်ဆောင်ပါပဲ။ မနေ့ကတော့ အမေက ပတ္တမြားလက်ကောက်လေး ပေးတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

 

ဖွေးစိန်က “၃၁ နှစ် ပြည့်ပြီဆိုတော့ အသက်ကြီးသွားတယ်။ ဖွေးက Forever 21 ပါပဲ။ အသက်ကြီးလာတော့ နည်းနည်းတော့ လိမ္မာလာတယ်။ မွေးနေ့မှာ အဘွား ထဘီလေး ဝတ်ထားတာပေါ့။ အဘွားကိုတော့ မမီလိုက်ဘူး။ အဘွား ထဘီကို ဒီဇိုင်နာ ကိုငြိမ်းကို ပြန်ချုပ်ပေးထားတာ။ အဘွားကိုလည်း သတိရတယ်။ အဘွားနဲ့ တော်တော်လေး တူတယ်လို့ ပြောကြတယ်” လို့ဆိုပါတယ်။

“ဖေဖေကတော့ အသက်၂၇ နှစ်ထိ ရည်းစားမထားရဘူးတို့ ပြောတာပေါ့။ မေမေကတော့ ဘာမှ မပြောဘူး။ ဖွေးပျော်ရင် ပြီးရော။ ဖွေးချစ်သူ ထားဖြစ်ရင်တော့ ပါရမီ ဖြည့်နိုင်မယ့်သူဆို ရပြီ၊ အသက် ၃၅ ထိမှ ယောကျာ်းယူချင်စိတ် မရှိရင် အပျိုကြီး လုပ်မယ်။ မွေးနေ့မှာ ဆုတောင်းဖြစ်တာက ဒီထက် ပိုက်ဆံတွေ ရှာပြီး ပိုလှူနိုင်တဲ့သူ ဖြစ်ပါစေ။ ဖွေးပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အနုပညာတွေ လုပ်ရပါစေ ဆုတောင်းတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးကတော့ ဒီနှစ်မွေးနေ့မှာ လက်ဆောင်တွေလည်း ရရှိပြီးဖြစ်ပြီး လက်ဆောင်နဲ့ ပတ်သက်လို့လည်း “ဖွေးအိမ်မှာလည်း လက်ဆောင်တွေ ရောက်နေတယ်။ မဖောက်ရသေးဘူး။ ဖွေးက မွေးနေ့ဆို လူတွေကို မဖိတ်တတ်ဘူး။ အကုန်လုံးက ချစ်ပေးတယ်။ မနေ့က သူစိမ်းအိမ်အဖွဲ့သားတွေရော တီချို၊ တီခိုင် (Hello) ကရော Surprise လုပ်ပေးကြတယ်။

အရမ်းပျော်တယ်။ ဖွေးကို ချစ်တဲ့သူတွေနဲ့ ဝန်းရံပြီး လှူရတာနဲ့တင် ဖွေးအရမ်းလည်း ပျော်ပါတယ်။ ဖွေးကို မွေးနေ့ ဆုတောင်းပေးကြတဲ့ ပရိသတ် တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်”လို့ ဖြေဆိုထားတာပါ။ ကဲ ဖွေးဖွေးအတွက် မှတ်ချက်ကနေ မွေးနေ့ဆုတောင်းလေးတွေ ပြောပေခဲ့ကြပါဦး။

Source – Irrawady
Noe Noe May Ju JU

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.