အသက်ကြီးလာတာနဲ့ အမျှ အရင်ကထက်ပိုပြီး နုပျိုကျန်းမာအောင်အမြဲတမ်းအဓိပ္ပါယ်ရှိရှိနေထိုင် ခဲ့လို့ သူမကိုယ်သူမ ကျေနပ်မိတယ်ဆိုတဲ့သန္တာလှိုင်
Posted on
ပရိသတ်ကြီးရေ သန္တာလှိုင် ကတော့ (၁၉၉၆)ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာရှမော်ဒယ်ဖြစ်ခဲ့ပြီး လက်ရှိမှာ ကလေးနှစ်ယောက်မိခင်ဆိုပေမယ့်လည်း အပျိုရှုံးလောက်အောင် လှပနုပျိုနေဆဲ အသက်လတ်ပိုင်းအမျိုးသမီး တစ်ဦးပါ။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ်စာရင်းဝင်ဖြစ်ပြီး အသက်(၄၀)ပေမယ့်လည်း မိန်းကလေးတိုင်း အားကျရတဲ့အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားကာ အခုလိုပိုင်ဆိုင်နိုင်အောင် ကိုယ်တိုင်လည်း Body Fitness ကို ဂရုတစိုက်နဲ့ အချိန်ပေးကြိုးစား လုပ် တတ်သူပါ။
အမျိုးသမီးတွေအတွက်သိသင့်သိထိုက်တဲ့ ဗဟုသုတများစွာကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အမြဲဝေမျှဖော်ပြလေ့ရှိပါသေးတယ်။ဒီနေ့မှာတော့ ”ကျွန်မရဲ့ motivation တွေက အများကြီးရှိပါတယ်။ အဲ့အထဲကတစ်ခုက တစ်ချိန်ကျရင် ကိုယ့်ရဲ့ ဖြတ်သန်းခဲ့တဲ့ နောက်ကြောင်းတချို့ကိုပြန်လှည့်ကြည့် လိုက်တဲ့အခါ အရင်တုန်းကလိုမျိုး ပြန်ဖြစ်ချင်လိုက်တာလို့ စားမြုံ့ပြန်စရာ မလိုအောင် တစ်နေ့ထက်တစ်နေ့ ပိုပြီးကျန်းမာသွက်လက်လာအောင် နေထိုင်လေ့ကျင့်နေပါတယ်။
“ဘာပဲဖြစ်ဖြစ် အမြဲတမ်းအဓိပ္ပါယ်ရှိတဲ့ အချိန်တွေနဲ့ လှပအောင်နေနိုင်ခဲ့တယ် ဆိုတာကြီးက ကျေနပ်စရာကြီး ဆိုတဲ့စိတ်နဲ့တင် နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိအောင် ဖြတ်သန်းနေပါတယ် ။”ဆိုတဲ့ သူမရဲ့တန်ဖိုးရှိလှတဲ့စိတ်ကူးအတွေးလေးကိုဝေမျှပြောပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Thandar Hlaing
zawgyi
Source: Thandar Hlaing
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.