အသက်(၉) နှစ်နဲ့ နိုင်ငံကိုယ်စားပြုမော်ဒယ်ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအတွက် ဒုတိယဆု ရယူပေးနိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသူလေး Isabell
ရခိုင်တိုင်းရင်းသူလေး Isabell ကတော့ အသက်(၉)နှစ်သာရှိပြီး စူပါမော်ဒယ်တစ်ဦးအဖြစ် ပရိသတ်များရဲ့ ချစ်ခြင်းခံနေရသူလေးလည်းဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် Talent ရှိသူဖြစ်ပြီး ဆရာဂျွန်လွင့်ရဲ့ အကောင်းဆုံးတပည့်များထဲက တစ်ယောက်အပါအ၀င်လည်းဖြစ်ပါတယ်။သူမကတော့ မြန်မာရိုးရာအငြိမ့်အကကိုလည်း ၀ါသနာပါသူပီပီ ထူးချွန်ပြောင်မြောက်စွာကတတ်သူလည်းဖြစ်ပါတယ်။
Isabell လေးရဲ့ နာမည်အရင်းကတော့ ကြယ်စင်ဝင့်နိုင် ဖြစ်ပြီး လက်တလောမှာတော့ တရုတ်နိုင်ငံ မှာလက်ခံကျင်းပတဲ့ C Plan Kids Supermodel 2019 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။သူမကတော့ မြန်မာနိုင်ငံအတွက် ဆုတွေအများကြီးသယ်ဆောင်လာနိုင်ဖို့ အားလုံးရဲ့အားပေးမှုတွေနဲ့အတူ အကောင်းဆုံးကြိုးစားသွားပါ့မယ် လို့ဆိုထားပါသေးတယ်။
ထိုပြိုင်ပွဲကြိးမှာ သူမ၀ါသနာဖြစ်တဲ့ မြန်မာရိုးရာအငြိမ့်အကကိုလည်း ကပြဖျော်ဖြေခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်မှ သူမကတော့ မြန်မာကိုယ်စားပြုအနေဖြင့် First Runner Up (ဒုတိယ) ဆုကြီးကို ရရှိခဲ့ပါတယ်။ Kids Fashion Week World Organization ရဲ့ ရွေးချယ်မှုနဲ့ (၂၀၁၉) ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ဟန်ဂေရီနိုင်ငံမှာကျင်းပမယ့် World Kids Fashion Week 2019 သို့ တက်ရောက်လည်ပတ်ရန် အထူးရွေးချယ်ဖိတ်ကြားခြင်းခံရပါသေးတယ်။ပရိသတ်ကြီးရေ ချစ်စရာ ရခိုင်တိုင်းရင်းသူလေး Isabell ကို အားပေးကြမှာမလား။
Source: Isabell
Credit-DarDar(CeleGabar)