အသက္အရြယ္အရ နားနားေနေန ေနရမဲ့ အခ်ိန္မွာ အခ်ိဳ႕ အေျခခံ ဆင္းရဲသားလူတန္းစားေတြကေတာ့ ဝမ္းစာအတြက္ အလုပ္လုပ္ေနရပါတယ္။ ဘဝေပးအေျခအေနက မေကာင္းတဲ့အခါမ်ိဳးမွာ ဝမ္းစာအတြက္ပါမက အျခားေသာအရာေတြအတြက္ပါ ပိုၿပီး အလုပ္လုပ္ၾကရပါတယ္။ ယခုလည္း ဗီယက္နမ္က အဖြားအိုတစ္ေယာက္ဟာ အသက္ ၈၅ႏွစ္ရွိေပမဲ့ ဝမ္းေရး ေျဖရွင္းဖို႔နဲ႔ စိတ္ပိုင္းဆိုင္ရာ မသန္စြမ္းတဲ့ အသက္ ၆၁ႏွစ္အရြယ္ သမီးကို ျပဳစုဖို႔အတြက္ ပင္လယ္ထဲမွာ တစ္ေနကုန္အလုပ္လုပ္ေနရပါတယ္။
သူမရဲ့ အလုပ္ကေတာ့ ပင္လယ္ထဲက ခုံးေတြ၊ ခ႐ုေတြ၊ ေယာက္သြားေတြကို ေကာက္ၿပီး ေစ်းမွာ မနက္ေစာေစာသြားေရာင္းရတာပါ။ ခုံးတို႔၊ ေယာက္သြားတို႔ မရတဲ့ ကံမေကာင္းတဲ့ေန႔ေတြ႕မွာဆို သူမတို႔ သားမိႏွစ္ေယာက္အတြက္ စာဖို႔ေနေရးက ေတာ္ေတာ္ခက္ခဲပါတယ္။ တစ္ေန႔တစ္ေန႔ ပင္လယ္ေရကို နာရီအေတာ္ၾကာ ထိေတြ႕ေနရတဲ့အတြက္ သူမရဲ့ အသားအေရကလည္း ယားယံၿပီး အဖုအပိတ္ေတြနဲ႔ ပ်က္စီးေနပါၿပီ။
သူမ အသက္ ၇၀မွာပဲ ခင္ပြန္းျဖစ္သူ ဆုံးပါးသြားခဲ့ၿပီး သူမ ငယ္ငယ္က ေမြးစားခဲ့တဲ့ သမီးတစ္ေယာက္ပဲ က်န္ခဲ့ပါတယ္။ သူမေမြးစားထားတဲ့ သမီးဟာ ငယ္ငယ္ကတည္းက ဦးေႏွာက္ခ်ိဳ႕ယြင္းၿပီး စိတ္ပိုင္းဆိုင္ရာ မသန္စြမ္းတဲ့ေဝဒနာရွင္တစ္ေယာက္ပါ။ အခုဆို သူမေမြးစားထားတဲ့ သမီးဟာ အသက္ ၆၁ႏွစ္ရွိေနၿပီ။ ခင္ပြန္းဆုံးၿပီး စားဖို႔ေနေရးအတြက္ ဘာလုပ္ရမွန္းမသိတာနဲ႔ အခုလို ပင္လယ္ထဲက ခုံးတို႔၊ ေယာက္သြားတို႔ကို ေကာက္ၿပီး ေရာင္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ေဒသခံ ရြာသူ ရြာသား အခ်ိဳ႕ကေတာ့ သူမကို သနားၿပီး သူမေရာင္းတဲ့ ခုံးတို႔ ေယာက္သြားတို႔ကို အျမဲလိုလို ဝယ္ယူအားေပး ေလ့ရွိၾကပါတယ္။ သူမရဲ့ အသားအေရအတြက္ ေဆးကုဖို႔ လိုအပ္ေနပမဲ့ သမီးျဖစ္သူရဲ့ ေဆးဖိုးဝါးခနဲ႔ ရတဲ့ဝင္ေငြက ပိုလၽွံမွုမရွိတာေၾကာင့္ ဒီအတိုင္းေနေနတာ အေတာ္ၾကာေနပါၿပီ။ ဝမ္းေရးအတြက္သာမက သမီးျဖစ္သူရဲ့ က်န္းမာေရးကိုပါ ေျဖရွင္းေပးေနရတဲ့ သူမရဲ့ ဘဝဟာ တကယ့္ကို သနားစရာေကာင္းပါတယ္။
Unicode
အသက်အရွယ်အရ နားနားနေနေ နေရမဲ့ အချိန်မှာ အချို့ အခြေခံ ဆင်းရဲသားလူတန်းစားတွေကတော့ ဝမ်းစာအတွက် အလုပ်လုပ်နေရပါတယ်။ ဘဝပေးအခြေအနေက မကောင်းတဲ့အခါမျိုးမှာ ဝမ်းစာအတွက်ပါမက အခြားသောအရာတွေအတွက်ပါ ပိုပြီး အလုပ်လုပ်ကြရပါတယ်။
ယခုလည်း ဗီယက်နမ်က အဖွားအိုတစ်ယောက်ဟာ အသက် ၈၅နှစ်ရှိပေမဲ့ ဝမ်းရေး ဖြေရှင်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့ အသက် ၆၁နှစ်အရွယ် သမီးကို ပြုစုဖို့အတွက် ပင်လယ်ထဲမှာ တစ်နေကုန်အလုပ်လုပ်နေရပါတယ်။
သူမရဲ့ အလုပ်ကတော့ ပင်လယ်ထဲက ခုံးတွေ၊ ခရုတွေ၊ ယောက်သွားတွေကို ကောက်ပြီး စျေးမှာ မနက်စောစောသွားရောင်းရတာပါ။ ခုံးတို့၊ ယောက်သွားတို့ မရတဲ့ ကံမကောင်းတဲ့နေ့တွေ့မှာဆို သူမတို့ သားမိနှစ်ယောက်အတွက် စာဖို့နေရေးက တော်တော်ခက်ခဲပါတယ်။
တစ်နေ့တစ်နေ့ ပင်လယ်ရေကို နာရီအတော်ကြာ ထိတွေ့နေရတဲ့အတွက် သူမရဲ့ အသားအရေကလည်း ယားယံပြီး အဖုအပိတ်တွေနဲ့ ပျက်စီးနေပါပြီ။ သူမ အသက် ၇၀မှာပဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ပြီး သူမ ငယ်ငယ်က မွေးစားခဲ့တဲ့ သမီးတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။
သူမမွေးစားထားတဲ့ သမီးဟာ ငယ်ငယ်ကတည်းက ဦးနှောက်ချို့ယွင်းပြီး စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့ဝေဒနာရှင်တစ်ယောက်ပါ။ အခုဆို သူမမွေးစားထားတဲ့ သမီးဟာ အသက် ၆၁နှစ်ရှိနေပြီ။ ခင်ပွန်းဆုံးပြီး စားဖို့နေရေးအတွက် ဘာလုပ်ရမှန်းမသိတာနဲ့ အခုလို ပင်လယ်ထဲက ခုံးတို့၊ ယောက်သွားတို့ကို ကောက်ပြီး ရောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒေသခံ ရွာသူ ရွာသား အချို့ကတော့ သူမကို သနားပြီး သူမရောင်းတဲ့ ခုံးတို့ ယောက်သွားတို့ကို အမြဲလိုလို ဝယ်ယူအားပေး လေ့ရှိကြပါတယ်။ သူမရဲ့ အသားအရေအတွက် ဆေးကုဖို့ လိုအပ်နေပမဲ့ သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခနဲ့ ရတဲ့ဝင်ငွေက ပိုလျှံမှုမရှိတာကြောင့် ဒီအတိုင်းနေနေတာ အတော်ကြာနေပါပြီ။ ဝမ်းရေးအတွက်သာမက သမီးဖြစ်သူရဲ့ ကျန်းမာရေးကိုပါ ဖြေရှင်းပေးနေရတဲ့ သူမရဲ့ ဘဝဟာ တကယ့်ကို သနားစရာကောင်းပါတယ်။
#Lifestyle_Myanmar