အးျမျဖဴနဲ႔ လိုက္ဖက္ညီစြာသ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ MV ႐ိုက္ကြင္းေနာက္ကြယ္က အမွတ္တရေတြကိုခ်ျပလာတဲ့ ေနတိုး

Posted on

ထိပ္တန္းမင္းသားေခ်ာ ေနတိုးကေတာ့ ႐ုပ္ရည္ေခ်ာေမာတဲ့အျပင္ အႏုပညာနဲ႔ ပက္သတ္ရင္လည္း ဘက္စုံထူးခြၽန္တဲ့ အႏုပညာကေဝႀကီးတစ္ေယာက္ဆိုလည္း မမွားႏိုင္ပါဘူး။ ေနတိုးကေတာ့ အခုဆိုရင္ အသက္ေလးဆယ္နီးပါးအ႐ြယ္ကိုေရာက္ရွိေနၿပီဆိုေပမယ့္ အိမ္ေထာင္ေရးကို မစဥ္းစားႏိုင္ေသးပဲ ပရိသတ္ေတြအတြက္သာ အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနတိုးကို အိမ္ေထာင္မျပဳပဲ တစ္ကိုယ္တည္းလူပ်ိဳႀကီးဘဝနဲ႔ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ဖို႔ ဆႏၵရွိေနၾကတာပဲ ျဖစ္ပါတယ္။

လူလတ္ပိုင္းအ႐ြယ္ကိုေရာက္ရွိေနၿပီဆိုေပမယ့္ အ႐ြယ္မ်ိဳးစုံက အႏုပညာရွင္ေတြနဲ႔ လိုက္ေရာညီေထြသ႐ုပ္ေဆာင္ႏိုင္တဲ့ ေနတိုးက လတ္တေလာမွာလည္း ဆယ္ေက်ာ္သက္အ႐ြယ္ အဆိုေတာ္၊ မင္းသမီးေလး ေအးျမျဖဴနဲ႔ Music Series ေလးတစ္ခု႐ိုက္ကူးေပးထားတာပဲ ျဖစ္ပါတယ္။ ေနတိုးနဲ႔ ေအးျမျဖဴတို႔သ႐ုပ္ေဆာင္ထားတဲ့ Music Series ထဲက “Brand New Love” သီခ်င္းေလးက ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၁၅) ရက္ေန႔မွာ ထြက္ရွိခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို တစ္ခဲနက္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ေနတိုးက “Brand New Love” သီခ်င္း MV ႐ိုက္ကြင္းေပၚက အမွတ္တရေတြကို အခုလိုပဲ ခ်ျပလာတာ ေတြ႕ရပါတယ္။

ေနတိုးကေတာ့ သူ႔ထက္ အသက္ထက္ဝက္ငယ္တဲ့ ဂ်ဴနီယာအႏုပညာရွင္ ေအးျမျဖဴနဲ႔လည္း လိုက္ဖက္ညီေအာင္ အပိုအလိုမရွိ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာ “Brand New Love” သီခ်င္း MV ေလးက သက္ေသပါပဲ။ Music Series ထဲက ေနာက္ထပ္ သီခ်င္း (၂) ပုဒ္က ဆက္လက္ထြက္ရွိဦးမွာမို႔ ပရိသတ္ႀကီးက ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nay Toe’s fb

Unicode

ထိပ်တန်းမင်းသားချော နေတိုးကတော့ ရုပ်ရည်ချောမောတဲ့အပြင် အနုပညာနဲ့ ပက်သတ်ရင်လည်း ဘက်စုံထူးချွန်တဲ့ အနုပညာကဝေကြီးတစ်ယောက်ဆိုလည်း မမှားနိုင်ပါဘူး။ နေတိုးကတော့ အခုဆိုရင် အသက်လေးဆယ်နီးပါးအရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်ရေးကို မစဉ်းစားနိုင်သေးပဲ ပရိသတ်တွေအတွက်သာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေတိုးကို အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ ဆန္ဒရှိနေကြတာပဲ ဖြစ်ပါတယ်။

လူလတ်ပိုင်းအရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အရွယ်မျိုးစုံက အနုပညာရှင်တွေနဲ့ လိုက်ရောညီထွေသရုပ်ဆောင်နိုင်တဲ့ နေတိုးက လတ်တလောမှာလည်း ဆယ်ကျော်သက်အရွယ် အဆိုတော်၊ မင်းသမီးလေး အေးမြဖြူနဲ့ Music Series လေးတစ်ခုရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်။ နေတိုးနဲ့ အေးမြဖြူတို့သရုပ်ဆောင်ထားတဲ့ Music Series ထဲက “Brand New Love” သီချင်းလေးက ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နေတိုးက “Brand New Love” သီချင်း MV ရိုက်ကွင်းပေါ်က အမှတ်တရတွေကို အခုလိုပဲ ချပြလာတာ တွေ့ရပါတယ်။

နေတိုးကတော့ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ ဂျူနီယာအနုပညာရှင် အေးမြဖြူနဲ့လည်း လိုက်ဖက်ညီအောင် အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့တာ “Brand New Love” သီချင်း MV လေးက သက်သေပါပဲ။ Music Series ထဲက နောက်ထပ် သီချင်း (၂) ပုဒ်က ဆက်လက်ထွက်ရှိဦးမှာမို့ ပရိသတ်ကြီးက စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Toe’s fb
Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.